1. Home
  2. Special or Others

အာလူးချောင်းကြော်စားခြင်းကြောင့် ဆံပင်ပြန်ပေါက်နိုင်

Special or Others ก.พ. 07, 2561 view 1,811

ထိပ်ပြောင်၊ ဆံပင်ကြဲ၊ ဆံပင်ပါးသူများအတွက် သတင်းကောင်း တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမြန်စားသုံးနိုင်သည့် အစားအသောက် Fast Food တွေဟာ လူကို အဝလွန်ခြင်းနဲ့ အခြားသော ဆိုးကျိုးများပေးစေနိုင်လို့ လျှော့စားကြဖို့သာ တိုက်တွန်းတတ်ကြပါတယ်။ အဲဒီ Fast Food တွေထဲမှာ အားလူချောင်းကြော်လည်း အပါအဝင်ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်သတေသန သိပ္ပံပညာရှင်များရဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်မှာတော့ အာလူးချောင်းကြော် စားခြင်းဟာ ဆံပင်ပြန်လည်ပေါက်လာဖို့ကို အားပေးတယ်ဆိုတဲ့ အချက်ကို အကြိမ်ကြိမ်စမ်းသပ်ပြီးနောက် ထူးဆန်းစွာ သိရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားတက္ကသိုလ်က ဆဲလ်တွေကို လေ့လာတဲ့ သိပ္ပံပညာရှင်အဖွဲ့တစ်ခုရဲ့ စမ်းသပ်ချက်အရ KFC အပါအဝင် Fast Food ဆိုင်တွေဖြစ်တဲ့ McDonald’s, Wendy’s အစရှိတဲ့ ဆိုင်တွေက ရောင်းချတဲ့ အားလူးချောင်းကြော်မှာ ပါဝင်နေတဲ့ ပစ္စည်းတစ်မျိုးဟာ ဆံပင်ပြန်လည်ရှင်သန်လာဖို့ အားပေးတာဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆိုပါ Fast Food ဆိုင်တွေမှာ ကြော်ချက်တဲ့အခါ ဆီထမပေါက်အောင် အသုံးပြုတဲ့ စီလီကွန်မှာ ပါဝင်တဲ့ dimethylpolysiloxane လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ ဆံပင်ပေါက်ခြင်းကို အားပေးကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သုတေသနပညာရှင်တွေဟာ အလားတူဓါတုပစ္စည်းကို အမွှေးမရှိတဲ့ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ အောင်မြင်ကြောင်း ပြောဆိုခဲ့ပါတယ်။ မွှေးညှင်းပေါက်တွေကို ဆံပင်ပြန်ပေါက်နိုင်တဲ့ မျိုးဗီဇ ရောက်ရှိအောင် ပြုလုပ်ပြီး အကြိမ်ပေါင်း ၅,၀၀၀ ခန့်စမ်းသပ်ခဲ့ရာ အောင်မြင်မှုရကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုစမ်းသပ်မှုဟာ ကြွက်တွေမှာ စမ်းသပ်အောင်မြင်မှုရနေသော်လည်း လူများနဲ့ မစမ်းသပ်ရသေးကြောင်း သို့သော် လူတွေမှာလည်း တူညီတဲ့ရလာဒ်ကြောင်း ဖြစ်လာနိုင်သည်ဟု ပရော်ဖက်ဆာ ဂျွန်ဂျီဖူကူဒါးက ပြောဆိုခဲ့သည်။
ဆက်လက်၍ အဆိုပါ စမ်းသပ်မှုနည်းပညာကို အဆင့်မြှင့်တင်ပြီးနောက် နောင်တွင် ဆံပင်ကျွတ်၊ ဆံပင်မသန်သူများ မရှိရအောင် စွမ်းဆောင်လာနိုင်မည်ဟု ယုံကြည်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
 



Follow us on