1. Home
  2. Special or Others

ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေတဲ့ မီးဖိုကွိုင်ပေါ် အပူခံနိုင်ရည်စိန်ခေါ်မှု

Special or Others ก.พ. 09, 2561 view 1,533

ဆိုရှယ်မီဒီယာဆိုတာကလဲ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါပဲလို့ ပြောရမလိုဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က Ice Bucket challenge ဆိုပြီး ရေခဲရေ ပုံးလိုက် ခေါင်းပေါ်လောင်းချပြီး တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်မှု တစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့ပြီးတဲ့ အချိန်ကစလို့ စိန်ခေါ်မှုတွေ မရိုးနိုင်အောင် အမျိုးမျိုး ပေါ်လာပါတယ်။

တစ်လောကလည်း ဆပ်ပြာရည်ထုတ်တွေကိုက်ဖောက်စားပြတဲ့ စိန်ခေါ်မှုပျံ့နှံ့ခဲ့လို့ သက်ဆိုင်ရာအာဏာပိုင်တွေကတောင် သတိပေးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ နောက်ဆုံးခေတ်စားနေတဲ့ စိန်ခေါ်မှုကတော့ မီးဖိုကွိုင်ပူပူပေါ်မှာ လက်ကို က်နိုင်သလောက် အချိန်ကြာကြာကပ်ပြတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ဘယ်သူကစလိုက်တယ်ဆိုတာ မသိရပဲ တစ်ကယ့်ကို အရူးဆန်လွန်းတယ်လို့ ဆိုရပေမယ့် ဝင်ရောက်ပြိုင်သူတွေရှိတာကို အံ့သြစွာမြင်တွေ့ရပါတယ်။ ပြိုင်သူတွေအားလုံးဟာ အပူလောင်ဒဏ်ရာပြင်းပြင်းထန်ထန် ရမှာသေချာပါတယ်။
ဒီပြိုင်ပွဲတွေရဲ့ အစဟာ နာမည်ကြီး ဖိုရမ်တစ်ခုဖြစ်တဲ့ Reddit ကနေ စတယ်လို့လဲ သတင်းတွေက ဖော်ပြထားပါတယ်။
 



Follow us on