1. Home
  2. Special or Others

ညီမဖြစ်သူကားမှောက်သေဆုံးမှုဖြစ်စဉ်ကို အွန်လိုင်းပေါ် Live လွှင့်ခဲ့သူ ထောင်ကျ

Special or Others ก.พ. 09, 2561 view 1,566

ညီမဖြစ်သူ ကားမှောက် သေဆုံးမှု ဖြစ်စဉ်အစဆုံးကို အင်စတာဂရမ်ပေါ်တွင် Live လွှင့်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် အမဖြစ်သူအား ကြာသပတေးနေ့က ထောင်ဒဏ် ၆ နှစ်နှင့် ၄ လ ကျခံစေရန် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က Obdulia Sanchez ဆိုသူသည် သူမ၏ ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် Jacqueline Sanchez နှင့် ရွယ်တူသူငယ်ချင်း မိန်းကလေးတစ်ဦးတို့နှင့်အတူ သူမ၏နေရပ်မြို့ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် စတော့ခ်တန်မြို့သို့ ကားမောင်းထွက်လာခဲ့သည်။

သူမသည် ကားမောင်းလာရင်း တစ်ဖက်က အင်စတာဂရမ်ပေါ်တွင် သီချင်းဆို ကပြမှုများကို ပြုလုပ်ကာ Live လွှင့်နေခဲ့သည်။ ထို့နောက် ကားကိုမထိန်းနိုင်ဖြစ်ကာ လမ်းဘေးသံဆူးကြိုး အကာရံများကို ဝင်တိုးမိပြီးနောက် အရှိန်ဖြင့် ကားမှောက်သွားခဲ့သည်။
ကားမှောက်သွားချိန်တွင် သူမ၏ ညီမဖြစ်သူနှင့် သူငယ်ချင်းတို့ နှစ်ဦးစလုံး ခါးပတ်မပတ်ထားသဖြင့် ကားရှေ့ခန်းမှန်မှတစ်ဆင့် လွင့်စင်ထွက်ကျကာ သေဆုံးခဲ့ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးလမ်း ရဲအဖွဲ့မှ ပြောကြားခဲ့သည်။

ထိုအချိန်မှာပင် ဖြစ်စဉ်တစ်ခုလုံးကို အင်စတာဂရမ်မှာ Live လွှင့်မိရက်သားဖြစ်သကဲ့သို့ သွေးအလိမ်းလိမ်းဖြစ်နေသော ညီမဖြစ်သူ၏ အလောင်းကိုလည်း ရိုက်ပြကာ ငိုယိုလျှက် တောင်ပန်းနေပြီး အတင်းဆွဲထူနှိုးနေတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါဗီဒီယို အွန်လိုင်းမှာ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ကလေးငယ်များ သေဆုံးခဲ့ရမှုကိုလည်း သူမက ငြင်းဆန်သလို ညီမဖြစ်သူ၏ အလောင်းကို Live လွှင့်ရတဲ့အကြောင်းက မိသားစုဟာ စီးပွားရေးမပြေလည်ခြင်းကြောင့် ညီမရဲ့ နာရေးစရိတ်အတွက် သူမရဲ့ ဖော်လိုဝါတွေဆီက အလှူငွေကောက်ခံလိုတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။

သူမရဲ့ ရှေ့နေဖြစ်သူ Ramnik Samrao က ဒီဖြစ်စဉ်အပေါ် သနားညှာတာမှုပေးရန် လျှောက်လဲခဲ့သည်။ Sanchez ဟာ အသက် ၁၁ နှစ်အရွယ်ထဲက အကြိမ်ကြိမ်လိင်စော်ကားမှုခံခဲ့ရသူဖြစ်ကြောင်း၊ လူမှောင်ခိုကူးသူလက်တွင်း နှစ်နှစ်ခန့် ကျရောက်ခဲ့ပြီး အဓ္ဓမကျူးလွန်ခံရစဉ်တွင် မူးယစ်ဆေးဝါးနဲ့ အရက်တို့ကို အတင်းအကျပ် သုံးစွဲစေခဲ့ကြောင်း ဖော်ပြခဲ့သည်။

နှစ်အနည်းငယ်ကြာတဲ့အခါ သူမဟာ လိုင်စင်မရှိပဲ ယာဉ်မောင်းမှုဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး အစီစဉ်အောက်မှာ နေခဲ့ရသူဖြစ်ပါတယ်။ အခုအသက် ၁၈ နှစ်အရွယ်မှာ ယခုလိုအဖြစ်မျိုးထပ်မံကြုံရသည့်အတွက် မိဘတွေအနေနဲ့လည်း သမီးနှစ်ဦးစလုံး ဆုံးရှုံးရသလို ဖြစ်ကြောင်း လျှောက်လဲချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ရုံးတော်က ကြာသပတေးနေ့(မနေ့)က ထောင်ဒဏ် ၆ နှစ်နှင့် ၄ လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 



Follow us on