1. Home
  2. Special or Others

အရုပ်ကောက်စက်နဲ့ကစားရာမှ ကလေးတစ်ဦး အထဲမှာပိတ်မိနေ

Special or Others ก.พ. 09, 2561 view 1,601

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က တီတက်စ်ဗီလီမြို့က စားသောက်ဆိုင်တစ်ခုမှာ ထားရှိတဲ့ အရုပ်ကောက်စက်ထဲ ကလေးတစ်ဦးဝင်သွားပြီး ပိတ်မိနေတာကြောင့် မီးသတ်ရဲဘော်နှစ်ဦးက ကယ်ဆယ်ခဲ့ရပါတယ်။

“မေဆင်” လိုအမည်ရတဲ့ ကလေးဟာ Beef O’Brady စားသောက်ဆိုင်က အရုပ်ကောက်စက်မှာ အရုပ်တွေ ကောက်နေရင်း မရနိုင်တဲ့အဆုံး စက်ထဲကို တွားသားဝင်ပြီး သူလိုချင်တဲ့အရုပ်ကို ယူခဲ့ပါတယ်၊ ဒါပေမယ့် သူဟာ ပြန်ထွက်လို့မရတော့ပဲ အရုပ်ကောင်စက် မှန်ပုံးထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ အလုပ်နားရက်မှာ လာစားသောက်တဲ့ မီးသတ်ရဲဘော်နှစ်ဦးက ကလေးကို မှန်ပုံးထဲကနေ လွတ်အောင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

“မေဆင်” ကတော့ မီးသတ်ရဲဘော်နှစ်ဦး သူ့ကိုကယ်ဆယ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အရုပ်တွေကြားမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းတွေကတော့ ကလေးဟာ စိုးရိမ်ထိန့်လန်းခြင်းမရှိပေမယ့် အနည်ငယ်တော့ ရှက်နေတယ်လို့ ဆိုပါတယ်။
 



Follow us on