1. Home
  2. Special or Others

ကင်ဆာရောဂါဖြစ်ပွားမှု ယခင်နှစ်တွေထက် များပြား

Special or Others ก.พ. 13, 2561 view 1,470
မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှာ ကင်ဆာရောဂါ ခံ စားနေရလို့ ဆေးကုသမှု ခံယူနေရတဲ့ လူနာဦးရေဟာ ယခင်နှစ်တွေထက် ပိုမိုများ ပြားလာသလို သားအိမ်ခေါင်းကင်ဆာနဲ့ အမျိုးသမီး မွေးလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ ဖြစ်ပွားမှုက အများဆုံး ဖြစ် တယ်လို့ သိရပါတယ်။၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သားအိမ်ခေါင်းကင်ဆာနဲ့ အမျိုးသမီးမွေးလမ်းကြောင်းဆိုင်ရာ၊ ဦးခေါင်း၊ ခံတွင်းနဲ့ လည်ပင်းပိုင်းဆိုင်ရာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ၊ ရင်သား ၊ အ ဆုတ်ကင်ဆာငါးမျိုးက အဖြစ်အများဆုံး ကင်ဆာတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့ (ဖေဖော်ဝါရီ ၄ ရက်) အခမ်းအနားမှာ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌဒေါက်တာ အေးအေးနိုင်က ပြောပါတယ်။
 
 
မန္တလေးအထွေထွေ ရောဂါကုဆေးရုံ ကြီးမှာ ၂၀၁၂ ခုနှစ်က ကင်ဆာရောဂါ ဖြစ်ပွားလို့ ဆေးကုသမှုခံယူသူ ဦးရေဟာ ၃၄၆၄ ဦး ရှိပြီး ၂၀၁၆ ခုနှစ်မှာတော့ ၅၅၇၀ ဦးအထိ ရှိလာတယ်လို့ ဆိုပါတယ်။
 
“ဖြစ်ပွားနှုန်းထားတွေဟာဆို တစ်နှစ် ထက်တစ်နှစ် တော်တော်ကို မြင့်မားလာတာ တွေ့ရတယ်၊ ဒါက ဆေးရုံကြီးကို ရောက်ရှိလာတဲ့ စာရင်းအရသာ သိရှိရ တာပါ၊ ဝေးလံတဲ့ နေရာတွေ၊ ဆေးကုသဖို့ လက်လှမ်းမမီတဲ့နေရာတွေ ဒါမှမဟုတ် ဒီ လိုနည်းနဲ့ ခေတ်မီတဲ့ ဆေးကုသလို့ ရ တယ် ဆိုတာကို မသိတဲ့ နားမလည်တဲ့ ဆေးမြီးတိုနဲ့ပဲ ပြီးသွားရတဲ့ဟာလဲ သိပ်ကို များပြားမှာပါ၊ ဒါ ဒီကမ္ဘာကို ခြိမ်းခြောက် နေတဲ့ ရောဂါတစ်ခု ဖြစ်တယ်” လို့ ဒေါက်တာအေးအေးနိုင်က ပြောပါတယ်။
ကင်ဆာရောဂါဟာ အသက် အရွယ်မရွေးဖြစ်ပွားနိုင်တဲ့ ရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၂၀ဝ၃ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်မှာ ကင်ဆာရော ဂါ ဝေဒနာရှင် ၁၀ သန်း ကျော် နှစ်စဉ် ဖြစ်ပွားကာ ခြောက်သန်း ကျော် သေဆုံးတယ် လို့ သိရပါတယ်။
 
 
သားအိမ်ခေါင်း ကင်ဆာ ရော ဂါဟာ ကာကွယ်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သားအိမ်ခေါင်းဝ အရည်ကြည်ကို စစ်ဆေးပြီး စောစီးစွာ သိရှိပါက လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ အသက် ၃၅ နှစ် အထက် အိမ်ထောင်ရှိသူ အမျိုးသမီး တိုင်း စစ်ဆေးမှုပြုလုပ်သင့်တယ် လို့ ဆိုပါတယ်။
 
တချို့ကင်ဆာရောဂါတွေကို စောစီးစွာ သိရှိပြီး အချိန်မီ ထိထိ ရောက်ရောက် ကုသမှုခံယူပါက ပျောက်ကင်းနိုင်ကာ ရောဂါအဆင့်လွန်မှ ကုသပါက ပျောက်ကင်းဖို့ မလွယ်ကူတာ၊ ဆေးမြီးတိုတွေနဲ့ မကုသင့်တာ၊ ရောဂါမလွန်သင့်ဘဲ လွန်စေတတ်ပြီး အသက်ဆုံး ရှုံးရတဲ့အဖြစ် ရောက်တတ်တာ ဖြစ်ပါတယ်။
 
Credit .... kumudranews


Follow us on