1. Home
  2. Special or Others

စည်းစိမ်အားလုံးပုံအောပြီး အိမ်မက်ကိုအကောင်ထည်ဖော်သူ စုံတွဲရဲ့ ဆိုးလှတဲ့ကြမ္မာ

Special or Others ก.พ. 13, 2561 view 1,615

လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့ ဆန္ဒအိမ်မက်ကို အကောင်ထည်ဖော်ဖို့ လက်ရှိအလုပ်တွေကို ထွက်လိုက်ကြပြီး ပိုင်ဆိုင်သမျှအားလုံးကို ရောင်းချကာ ရွက်လှေတစ်စီးဝယ်ယူပြီး ကမ္ဘာအနှံ့ရွက်လွှင့်ကြရာမှ ဒုတိယမြောက်နေ့မှာပင် ကံကြမ္မာဆိုး ကျရောက်ခဲ့ရသည်။

Tanner Broadwll နဲ့ Nikki Walsh ဆိုသူ စုံတွဲဟာ သူတို့ရဲ့ဆန္ဒကို အကောင်ထည်ဖော်ရန် မလုပ်ချင်သည့်အလုပ်တွေကိုလည်း ကျိတ်မှိတ်လုပ်ကာ နှစ်နှစ်ခန့် ပိုက်ဆံစုဆောင်းခဲ့ကြသည်။ Tanner က ဖလော်ရီဒါ ကိုကိုးကမ်းခြေမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး Nikki အား မက္ကစီကိုပင်လယ်ကွေ့တစ်လျှောက် ဒါမှမဟုတ် ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကို ရွက်လွှင့်သွားရန် အမြဲပြောဆိုနားချခဲ့သည်။

ဒီအိမ်မက်ဆန္ဒကို အကောင်ထည်ဖော်နိုင်ရန် နှစ်ယောက်သား အလုပ်တွေကြိုးစားလုပ်ကာ ပိုက်ဆံစုဆောင်းခဲ့သည်။ နှစ်နှစ်လောက်အကြာမှာတော့ သူတို့ရဲ့ အလုပ်တွေကနေ ထွက်လိုက်ကြပြီး ၄၉ နှစ်သားရှိပြီဖြစ်တဲ့ အလာဘားမားက ရွက်လှေတစ်စင်းကို ဒေါ်လာ ၅,၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး လိုအပ်တာတွေကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။

တစ်ကယ်တမ်းကျတော့ သူတို့နှစ်ဦးစလုံး တစ်ခါမှ ပင်လယ်ပြင်အတွေ့အကြုံမရှိပါဘူး။ ဒါကြောင့်ပဲ Tanner ရဲ့ ဖခင်ဖြစ်သူက သူတို့ကို ကူညီပြီး မက္ကစီကိုပင်လယ်ကွေ့တစ်လျှောက် အလာဘာမား ကနေ ပနားမားစီးတီးထိ လိုက်မောင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေး ဖေဖော်ဝါရီ ၆ ရက်နေ့က သူတို့နှစ်ဦးတည်း ပင်လယ်ပြင်မှာ ရွက်လွှင့်တော့မယ်လို့ ဆုံးဖြတ်ပြီး မိတ်ဆွေ အပေါင်းသင်းများနဲ့ နှုတ်ဆက်ပွဲလေး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ကြမ္မာဆိုးက သူတို့ဆီရောက်လာမယ်ဆိုတာ မသိခဲ့ကြပါဘူး။

စတင်ရွက်လွှင့်ပြီး ပထမနေ့မှာ အားလုံးဟာ စိတ်ကူးထဲက စီစဉ်ထားတဲ့အတိုင်း ချောမွေ့သာယာနေပါတယ်။ ဒုတိယနေ့ အစမှာလည်း အဆင်မပြေမှုအနည်းငယ်ရှိတာကလွဲလို့ အားလုံးအိုကေနပါသေးတယ်၊ ဒါပေမယ့် ည ၈ နာရီ ၄၅ မိနစ်လောက်မှာတော့ ရွက်လှေဟာ တစ်ခုခုနဲ့ ချိတ်မိ ငြိမိသလိုဖြစ်ပြီး ချာချာလည်ခါယမ်းသွားတာကြောင့် Nikki တောင် သင်္ဘောပေါ်က လွင့်စင်ကျမလို ဖြစ်ခဲ့ပါတယ်။

Tanner က သင်္ဘောခန်းထဲ သွားကြည့်ချိန်မှာတော့ ရေတွေက သူ့ဒူးခေါင်းလောက် ရောက်နေပါပြီ၊ ဒါနဲ့ပဲ ကမ်းခြေက ကယ်ဆယ်ရေးကို စက်နဲ့အကြောင်းကြား အကူညီတောင်းခဲ့ပါတယ်။ ကယ်ဆေယ်ရေးအဖွဲ့က သူတို့ဆီကိုရောက်ရန် ၄၅ မိနစ်လောက်ကြာမှဦဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ လှေက တစ်စတစ်စ နစ်လာပြီး သူတို့နှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးလဲ လှေဝမ်းထဲပါသွားခဲ့ပါတယ်။ နောက်ဆုံး အချိန် တစ်နာရီအကြာ ကယ်ဆယ်ရေးရောက်လာချိန် သူတို့နှစ်ဦးကို ကယ်နိုင်ခဲ့ပေမယ့် လှေကတော့ စုံးစုံးမြုတ်သွားခဲ့ပါတယ်။

သူတို့စုံတွဲရဲ့ အိတ်ကပ်ထဲမှာတော့ ဒေါလာ ၉၀ ပဲပါလာခဲ့ပါတယ်။ ထိုနေ့ညက တက္ကစီဆရာရဲ့ အကူညီနဲ့ ဈေးအသက်သာဆုံး ဟိုတယ်မှာတည်းခဲ့ပြီး Tanner ရဲ့ မိခင်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ကမ်းခြေစောင့်အဖွဲ့က ရွက်လှေကို ပြန်ဆယ်လို့ရပေမယ့် ဒေါ်လာ တစ်သောင်းလောက်ကုန်ကျမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးမှာတော့ ဒေါ်လာ ၉၀ ကလွဲပြီး နေစရာလည်းမရှိ စားစရာလည်းမရှိ အလုပ်လည်းမရှိတဲ့ ဘဝကို ချက်ခြင်းရောက်ခဲ့ပါတယ်။

ဒါပေမယ့် Tanner က လုံးဝအရှုံးမပေးပဲ ဘဝကိုအစကပြန်စကာ နောက်ထပ်လှေအသစ်တစ်စီးဝယ်ပြီး အိမ်မက်ကို ဖြစ်အောင် အကောင်ထည်ဖော်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်လျက်ရှိနေသေးတာကိုပဲ Nikki က ကျေးဇူးတင်နေပါတယ်။
လတ်တလောမှာတော့ သူတို့ကို လူတွေအကူညီပေးနိုင်ဖို့ GoFundMe ဝဘ်ဆိုက်ထောင်ပြီး အလှူခံလျှက်ရှိကြောင်း သိရှိရသည်။



Follow us on