1. Home
  2. Special or Others

ဘင်ဟမ်ရိုက်စ်က တောင်တရုတ်ပင်လယ်မှာ ရှိတာမဟုတ်တဲ့အတွက် တရုတ်အစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့မှ သိမ်းယူလို့မရနိုင်ပါဘူး

Special or Others ก.พ. 13, 2561 view 1,397

ပန်နိုရဲ့ပြောကြားချက်အရ သည်ဒေသကို  ဝင်ရောက်လာတဲ့ ငါးဖမ်းသင်္ဘောနဲ့ သုတေသန သင်္ဘောတွေကို နှင်လွှတ်ဖို့ ရေ တပ်ကိုအမိန့်ပေးထားပြီး လေတပ် ကိုလည်း ကင်းလှည့်ခိုင်းဖို့ ဒူတာ တီက ပြောထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အ နည်းငယ်ကပဲ ဘင်ဟမ်ရိုက်စ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သိပံပညာရှင်တို့ ပူးပေါင်းပြီး သုတေသနပြုလုပ် ဖို့ ဒူတာတီက သဘောတူခဲ့ပေမဲ့ ဘာကြောင့် သည်လိုပြောင်းလဲသွားသလဲဆိုတာကို ရှင်းလင်းခြင်း မရှိပါဘူး။

‘ငါတို့အချုပ်အခြာအာဏာအပေါ် မေးခွန်းထုတ်စရာမလိုဘူး”လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု မှာ ဒူတာတီက ပြောကြားခဲ့ပါ တယ်။ လိုင်စင်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး သိပπံပညာဆိုင်ရာ သုတေသနပြုလုပ်မယ့် ပြည်ပ သင်္ဘောတွေကိုလည်း ဝင်ခွင့်မပြု ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်ခရီးသည်တွေကိုတော့ နိုင် ငံတကာ ဥပဒေအရ ဝင်ရောက်သွားလာခွင့်ပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

သည်လမှာသုတေသနပြုလုပ်ဖို့ စီစဉ်ထားတဲ့တရုတ်ဘက် ကတော့ သည်ကိစ္စနဲ့ပတ်သက် ပြီး တုံ့ပြန်ခြင်းမရှိသေးပါဘူး။ နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ စိုက်ပျိုးရေးဌာနက စူး စမ်းသင်္ဘော နှစ်စင်းကို စေလွှတ် ထားပြီး စစ်တပ်က မောင်းသူမဲ့ လေယာဉ်တွေကို စောင့်ကြည့်လိမ့် မယ်လို့ ပန်နိုက ပြောကြားခဲ့ပါ တယ်။ သည်အမိန့်ဟာ သည်ဒေသ ကို ပိုင်ရှင်မဲ့လို့ပြောတဲ့အခြားနိုင်ငံ တစ်နိုင်ငံက အဆင့်နိမ့်သံတမန် တစ်ယောက်ရဲ့ပြောကြားချက်ကနေ စတင်ခဲ့တာလို့ သူက ဆိုပါ တယ်။ ဒါပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။

Credit >>> kumudranews



Follow us on