1. Home
  2. Myanmar News

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ကော်ကြိတ်စက်ညှပ်ကာ သေဆုံး

Myanmar News ก.พ. 13, 2561 view 1,626

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ ဘန်ခေါင်ဈေးအနီးရှိ ကော်ကြိတ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး စက်သန့်ရှင်းရေး လုပ်နေစဉ်တွင် ကော်ကြွတ်စက်ညပ်ကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ကိုကျော်မင်းထိုက် အသက် (၂၇ နှစ်) သည် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် သပြေကုန်းရွာ ဇာတိဖြစ်ပြီး အိမ်ထောင်ရှိသူဖြစ်ကာ ဇနီးသည်တွင် ကိုယ်ဝန်သုံးလဖြင့်
ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။


ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် စက်ညပ်ကာ သေဆုံးခဲ့ပြီးနောက် အလုပ်ရုံတာဝန်ရှိသူမှ ဇနီးဖြစ်သူအား ဘတ်ငွေသုံးသောင်းသာပေးပြီး အလောင်းအား မဲဆောက်သို့ သယ်ဆောင်သွားလိုက သယ်ယူသွားရန် ပြောကြောင်း ဇနီးဖြစ်သူ မအိသန္တာအောင် က AAC ကို ပြောပြခဲ့ပြီး ဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးပါရန် AAC အဖွဲ့အား အကူအညီတောင်းခံသည်။
AAC အဖွဲ့မှ ကျန်ရစ်ခဲ့သူ ဇနီးနှင့် မိဘများအား ထိုက်သင့်သော နစ်နာကြေးများရရှိနိင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - AAC မဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း)



Follow us on