1. Home
  2. Woman To Woman

သားသမီးလေးတွေ လိမ္မာယဉ်ကျေးမှုရှိအောင် ဘယ်လိုထိန်းကြောင်းကြမလဲ..?

Woman To Woman ก.พ. 13, 2561 view 1,578

မိဘတွေအတွက် သားသမီးဆိုတာ ရတနာ တစ်ပါးပါ။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ ပဲ့ပြင်ဆုံးမမှုမရှိပဲ အလိုလိုက်အကြိုက်ဆောင်ထားခဲ့ရင်တော့ တစ်ချိန်မှာ ရတနာလေးတွေကနေ ရ တာ နာလေးတွေ ဖြစ်တတ်တယ်လို့ လူကြီးသူမတွေ ပြောဖူးပါတယ်။

ကလေးငယ်လေးတွေကို လိမ္မာယဉ်ကျေးအောင် ပဲ့ပြင်ဆုံးမရတာ တစ်ကယ်ကို ခက်ခဲနက်နဲပြီး ကလေးတွေရဲ့ သဘောသဘာဝကိုလည်း မိဘတွေအနေနဲ့ ကောင်းကောင်းကြီး သိဖို့လိုပါတယ်။ ဒါကြောင့်မို့ သားသမီးလေးတွေကို လွယ်လွယ်ကူကူနဲ့ ပြုပြင်ထိန်းကြောင်းနိုင်မယ့် နည်းလမ်းလေးတွေကို အာဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်း က ခေတ်သစ်ပျိုမေအစီစဉ်မှာ အကြံပေးပြောကြားခဲ့ပါတယ်။
 



Follow us on