1. Home
  2. Special or Others

၁၄၂ ကြိမ်မြောက် ကမ္ဘာ့ခွေးအလှပြိုင်ပွဲ နယူးရောခ့်တွင် စတင်ယှဉ်ပြိုင်

Special or Others ก.พ. 13, 2561 view 1,585

နှစ်စဉ်ကျင်းပနေကျ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ခွေးအလှပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံ နယူးရောခ့်ရှိ ဝက်စ်မင်စတာ ကန်နယ်လ် ကလပ်တွင် ကျင်းပပြုလုပ်နေပြီး ခွေးအကောင်ရေ ၃,၀၀၀ နီးပါးဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိသည်။

နှစ်ရက်တိုင်တိုင်ကျင်းပမည့် အဆိုပါ ခွေးအလှပြိုင်ပွဲကို အမေရိကန်နိုင်ငံ တစ်ဝှမ်းလုံးရှိ ပြည်နယ်ပေါင်း ၅၀ နှင့် အခြားနိုင်ငံ ၁၆ နိုင်ငံက အလှမွေးခွေးများပါ လာရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
ယခုနှစ် ခွေးအလှပြိုင်ပွဲသည် ၁၄၂ ကြိမ်မြောက်ဖြစ်ပြီး အမေရိကန်တွင် ကန်တာကီဒါဘီ မြင်းပြိုင်ပွဲပြီးလျှင် ဒုတိယသက်တမ်းအရှည်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သည်။

ခွေးပိုင်ရှင်များအနေနဲ့ သူတို့၏ ခွေများကို ပြိုင်ပွဲတွင် ဆုရရှိရေးအတွက် ရံဖန်ရံခါ ဒေါ်လာသောင်းနဲ့ချီကာ အကုန်အကျခံတတ်ကြသူများဖြစ်ကြသော်လည်း ရရှိလာမည့် ဆုကြေးငွေထက် ဂုဏ်သိက္ခာနှင့် တိရိစ္ဆာန်များအပေါ် မြတ်နိုင်းကြင်နာမှုကို အသိမှတ်ပြုခံရလိုခြင်းကြောင့်သာ သူ့ထက်ငါအပြိုင် အလှပြင်ဆင် ပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။

ခွေးအလှပြိုင်ပွဲရဲ့ အနိုင်အရှုံးများ မဆုံးဖြတ်ရသေးမီ ပြိုင်ပွဲဝင်မည့် ခွေးများကို ပိုင်များအနေနဲ့ မည်မျှသည်းသည်းလှုပ် အစွမ်းကုန် အလှအပတွေ ပြင်ပေးနေသည်ဆိုတာကို ပြိုင်ပွဲရဲ့ နောက်ကွယ်က ပုံရိပ်များကို အားပေးကြည့်ရှုကြပါဦး..။




Follow us on