1. Home
  2. Movie Stars - Celebrity

ကမ္ဘာအနှံ့မှ အနုပညာရှင်များ ပါဝင်မည့် တေးစီးရီးအတွက် ကျားပေါက်(Big Bag) ကမ်းလှမ်းခံရ

Movie Stars - Celebrity ก.พ. 14, 2561 view 1,637

နိုင်ငံတစ်ကာမှအနုပညာရှင်များ တစ်နိုင်ငံလျှင် တစ်ပုဒ်စီ ပါဝင်သီဆိုပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ဖြန့်ချိမည့် တေးသီချင်း ဖန်တီးမှုအသစ်အတွက် မြန်မာနိုင်ငံမှ ဂီတပညာရှင် ကျားပေါက်ကို  လာရောက်ကမ်းလှမ်းကြောင်း Big Bag အကောင့်တွင်ဖော်ပြထားသည်။

“New  York City” ဟု အမည်ပေးထားသည့် အဆိုပါပရော့ဂျက်တွင် တာဝန်ယူဆောင်ရွက်နေသည့် Jim Beach နဲ့ ကျားပေါက်တို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ကမ်းလှမ်းမှုကို ဂုဏ်ယူစွာဖြင့် လက်ခံခဲ့ကြောင်း ဖော်ပြထားသည်။

Jim Beach သည် နာမည်ကျော် ဗြိတိသျှတေးဂီတအဖွဲ့ Queen ၏ မန်နေဂျာအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ကျားပေါက်က သူထွက်ရှိထားသော Big Bag တေးအယ်လ်ဘမ်များကို Queen အဖွဲ့မှ လိဒ်ဂစ်တာတီးခတ်သူ Brian May အတွက် လက်ဆောင်ထည့်ပေးလိုက်ပြီး Brian May နဲ့ တစ်ကြိမ်တစ်ခါမျှ မဆုံဘူးသေးသော်လည်း သူ့ဆီကပညာတွေအများကြီး သင်ယူခဲ့ရကြောင်း စာတိုကိုပါ စီဒီချပ်များနဲ့အတူ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ “New York City” ပရော့ဂျက်တွင် ပါဝင်ရန် အာရှအနေနဲ့ ဂျပန်နှင့် မြန်မာကိုသာ ထည့်သွင်းထားပြီး မြန်မာနိုင်ငံအတွက် ကျားပေါက်က ကမ်းလှမ်းခံခဲ့ရကြောင်း သိရှိရသည်။



Follow us on