1. Home
  2. Myanmar News

ငွေကျပ် ၅၀ ခိုးသုံးမိလို့ သားဖြစ်သူကို မိခင်က ခန္ဓာကိုယ်အနှံ့ မီးပူနဲ့ကပ်

Myanmar News ก.พ. 15, 2561 view 1,642

ငွေကျပ် ၅၀ အား မိခင်မသိအောင် ယူသုံးမိသည့် အသက် (၁၁)နှစ်အရွယ် ကလေးငယ်ကို မိခင်ဖြစ်သူမှ ပူကျက်နေသော မီးပူဖြင့် ခန္ဓာကိုယ်နေရာအနှံ့ ထိုးကပ်ခဲ့သဖြင့် ကလေးကို ဆေးရုံတင်ခဲ့ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်နေ မအိဖြူဝင့် (၂၉ နှစ်) က သားဖြစ်သူ ပိုင်ဟိန်းခန့် အသက် (၁၁ နှစ်)အား မိမိမသိအောင် ငွေကျပ် ၅၀ ယူသုံးခဲ့သည့် ကိစ္စအပေါ် စိတ်ဆိုးဒေါသထွက်ကာ မီးပူဖြင့် ခန္ဓာကိုယ်နေရာအနှံ့ ထိုးကပ်ခဲ့သဖြင့် ပိုင်ဟိန်းခန့်၏ ဝဲပါး၊ ဝဲ/ယာလက်မောင်း/ခြေသလုံး၊ လက်ဖျံ၊ ကျောကုန်း တို့တွင် မီးပူဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ကုသခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ အိဖြူဝင့် အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၁၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

သတင်း - ရဲဇာနည်
 



Follow us on