1. Home
  2. Myanmar News

တရုပ်ပိုင်အထည်ချုပ်စက်ရုံမှ အမြဲတမ်းဝန်ထမ်းများနှင့် အချိန်ပိုင်းနေ့စားအလုပ်သမားများ ပြဿနာဖြစ်

Myanmar News ก.พ. 15, 2561 view 1,538

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) ဒေါ်ဖွားရှင်လမ်းရှိ One Of Front Garment အထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများ၊ အလုပ်သမားခေါင်းဆောင်များက အလုပ်ပြန်လည်ခန့်ထားပေးရေးအပါအဝင် အချက် (၁၃)ချက်ကို တောင်းဆိုဆန္ဒပြသပိတ်မှောက်နေချိန် အလုပ်ရှင်မှ နေ့စားဝန်ထမ်းများ အစားထိုးခန့်အပ်လိုက်မှုကြောင့် အလုပ်သမားများအချင်းချင်း စကားများ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တောင်းဆိုချက်များနဲ့အတူ ဝန်ထမ်းများ သပိတ်မှောက်ဆန္ဒပြမှု နှစ်ပတ်ခန့်အကြာတွင် အလုပ်ရှင်မှ အချိန်ပိုင်းနေ့စားများ အစားထိုးခန့်အပ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါပရိပက္ခဖြစ်စဉ်တွင် သပိတ်မှောက် အလုပ်သမားများ ဦးခေါင်းပေါက်တဲ့ဒဏ်ရာ ရရှိခဲ့ပြီးသတိလစ်သူများပါရှိခဲ့သည်ဟု အလုပ်သမားခေါင်းဆောင် ကိုသန့်ဇင်ထွေး မှပြောကြားခဲ့သည်။
“အဓိကပြသနာကတော့ စက်ရုံကတရုတ်တွေက ကျွန်တော်တို့သပိတ်မှောက်တောင်းဆိုတဲ့အချိန် မှာနေ့စားအလုပ်သမားတွေကိုခေါ်ဖို့ကြိုးစားတာပါ ကျွန်တော်တို့အနေနဲ့ နေ့စားတွေကိုတော့ အဝင်မခံနိုင်ဘူး အမြဲတမ်းဝင်ထမ်းတွေဝင်တာ ဘာမှမပြောပါဘူး ဆန္ဒပြတဲ့အချိန်မှ နေ့စားတွေစခေါ်တာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) အနေနှင့် ဥပဒေနှင့်ကိုက်ညီသော လုပ်ရပ်များကိုသာ လုပ်ဆောင်ရန် တိုက်တွန်းလျှက်ရှိပြီး ကူညီဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

သတင်းဗီဒီယို - မျိုးဇော်
 



Follow us on