1. Home
  2. Special or Others

ယာဉ်မတော်တဆမှုကြောင့် တစ်လခွဲကြာသတိမေ့မြောနေသူ ဦးခေါင်းခွံအတုနဲ့ အသက်ဆက်နေ

Special or Others ก.พ. 15, 2561 view 1,621

စင်ကာပူနိုင်ငံက အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုကြောင့် ဦးခေါင်းခွံတစ်ခြမ်း ခွက်ဝင်သွားကာ လုံးဝသတိလစ်မေ့မြော(ကိုမာ) ဖြစ်နေရာမှ တစ်လခွဲအကြာတွင် ပြန်လည် သတိလည်လာခဲ့သည်။

၂၀၁၆ ခုနှစ် မေလပိုင်းက အာဘီဟာ အလုပ်ကနေ သူရဲ့နေအိမ်သို့ မရီနာကမ်းခြေ အမြန်လမ်းမကြီးအတိုင်း ဆိုင်ကယ်စီးပြီးပြန်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မတော်တဆမှုဖြစ်စဉ်ကြောင့် သူ၏မှတ်ဉာဏ် ၃၅%ခန့် ပျက်ဆီးပျောက်ဆုံးသွားပြီး ဦးခေါင်းခွံအတုဖြင့် အသက်ဆက်ရှင်နေရသည်။

“ကျွန်တော် သတိရလာတဲ့အချိန်မှာ ဘာဖြစ်လို့ ဆေးရုံပေါ်ရောက်နေလဲဆိုတာ လုံးဝမသိတော့ဘူး၊ နောက်ပိုင်း အမေက ပြန်ပြောတော့မှ ကျွန်တော် ကိုမာရပြီး တစ်လခွဲလောက် သတိလစ်နေတယ်ဆိုတာ သိရတယ်၊ အဲဒီအချိန်တွေမှာ ကျွန့်တော့် ဆွေမျိုးတွေအားလုံး ကျွန်တော်ဆီလာလည်ပေးကြတယ်လို့ ပြောပါတယ်။ ယာဉ်တိုက်မှဒဖြစ်တုန်းက အကြောင်းတွေ လုံးဝကို မသိတော့” ဟု ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ဦ:ခေါင်းခွံအတုကို ချုပ်စက်နဲ့ တွဲဆက်ထားပြီး တစ်ခါမှာတော့ အနာက ပိုးဝင်တာကြောင့် ပြန်ဖြုတ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ သူ၏ဦးခေါင်းမှာ အချက် ၅၀ လောက် တွဲချုပ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။
သူဟာ ဆိုင်ကယ်စီးဖို့ ကြောက်သွားပြီး ဆိုင်ကယ်စီးနေသူတွေကိုလည်း သူ့လိုအဖြစ်မျိုးမကြုံအောင် သတိထားကြဖို့ ပြောကြားခဲ့ပါတယ်။



Follow us on