1. Home
  2. Special or Others

ကမ္ဘာကျော်ဟာသပညာရှင် Russell Peters ရဲ့ ပွဲလက်မှတ်များ ဝယ်ယူနိုင်ပြီ

Special or Others ก.พ. 15, 2561 view 1,618

အိန္ဒိယနွယ်ဖွား ကနေဒါနိုင်ငံသား ဟာသပညာရှင် Russell Peters ဟာ သူ့ရဲ့ပြောင်မြောက်တဲ့ ဟာသတွေကို စင်ပေါ်မှာ တစ်ကိုယ်တော် ပြောကြားရင်း ကမ္ဘာကျော်လာခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ သူ့ကိုသိကြတဲ့သူတွေများပါတယ်။

စင်မြင့်ပေါ်ကနေ မိုက်ကရိုဖုန်းတစ်လုံးနဲ့ အဆက်မပြတ်ပြောသွားတဲ့ ဟာသတွေက ခေတ်နဲ့ဆီလျော်တာကြောင့် ပရိဿတ်တွေ ပါးစပ်မပိတ်နိုင်အောင် တသောသောပွဲကျစေတဲ့ ပြက်လုံးတွေပဲဖြစ်ပါတယ်။

Russell Peters ဟာ ကမ္ဘာကျော် Netflix ရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ Notorious(2013), Almost Famous(2016) တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အသစ်ထွက်ရှိလာမယ့် “The Clapper” ဇာတ်ကားမှာ ကမ္ဘာကျော်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဟာသအနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

မကြာခင်မှာ Russell Peters ရဲ့ ဟာသတွေကို ကိုယ်တိုင်ကိုယ်ကျ အားပေးနိုင်မယ့် အခွင့်ရေးတစ်ခု ရှိလာပါပြီ။
၂၀၁၈ ခုနှစ် မတ်လ (၄)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မောင်းထောင်းထနိရှိ အကြီးဆုံးပွဲများတင်ဆက်ရာ Impact Exhibition Hall 1 မှာ Russell Peters ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီး ပြုလုပ်တော့မှာဖြစ်ပြီး လက်မှတ်များကို ဖေဖော်ဝါရီ (၂၀) မှ စတင် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။


RUSSELL PETERS (World Tour)

နေ့ရက် - မတ်လ (၄)ရက် ၂၀၁၈ (တနင်္ဂနွေ)

လက်မှတ်ဈေးနှုန်းနှင့် ဝယ်ယူနိုင်မည့်နေရာ

လက်မှတ်ဈေးနှုန်း -  ၅,၀၀၀ / ၄,၀၀၀ / ၃,၀၀၀ / ၂,၀၀၀ (ထိုင်းဘတ်)
စတင်ရောင်းချမည့်နေ့ - ဇန်နဝါရီ ၂၀ ရက် ၂၀၁၈
ဝယ်ယူနိုင်မည့်နေရာ - www.myasiaticket.com



Follow us on