1. Home
  2. Special or Others

အိမ်သာတက်ရင်း ဂိမ်းဆော့သူ စအိုလမ်းကြောင်း ထွက်ကျခဲ့

Special or Others ก.พ. 15, 2561 view 1,491

တရုပ်နိုင်ငံမှ အမျိုးသားတစ်ဦး မိနစ် ၃၀ ကြာ အိမ်သာတက်ရင်း ဖုန်းဖြင့် ဂိမ်းဆော့နေစဉ် စအိုလမ်းကြောင်း အထုတ်လိုက်ထွက်ကျခဲ့သဖြင့် ညတွင်းချင်း အရေးပေါ် ဆေးရုံတင်ခဲ့ရသည်။

ဆရာဝန်၏ ပြောကြားချက်အရ လူနာဟာ အိမ်သာမှာထိုင်ရင်း အလေးသွားနေစဉ် ဖုန်းဖြင့် ဂိမ်းဆော့နေခဲ့ရာ မိနစ် ၃၀ ခန့် အကြာတွင် သူ၏ဝမ်းဗိုက်တွင်းမှ စအိုလမ်းကြောင်း တွဲလောင်းပြုတ်ကျခဲ့သည်။  ၁၆ စင်တီမီတာခန့်ရှည်လျားသော အသားစိုင်တွဲကြီး တန်းလန်း ဖြစ်နေခဲ့ပြီး ခွဲစိတ်ဖယ်ရှားခဲ့ရသည်။

ဆွန်ရက်စင်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာဆူဒန်က လူနာကို အစာဟောင်းပြွန်ကျွံကျခဲ့မှုအတွက် ကုသရာတွင် ခန္ဓာကိုယ်အတွင်းကလိစာ ဆုံးရှုံးမှုရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။ စကင်စက်ဖြင့်ကြည့်ရှုရာ အမျိုးသား၏ စအိုဝတွင် ပူဖောင်းသဏ္ဍန် ဖုဖောင်းနေသော အရာကို တွေ့ခဲ့ကြသည်။ အဆိုပါ အစိုင်အခဲကို ခွဲစိတ်ဖယ်ရှားခဲ့ပြီးနောက် အခြေနေကောင်းမွန်ကြောင်း သိရှိရသည်။

ဆရာဝန်၏ အဆိုအရ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ အချိန်အတော်ကြာ အိမ်သာတက်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။


 



Follow us on