1. Home
  2. Special or Others

Blind Audition ကိုကျော်ဖြတ်သွားသူတွေရဲ့ အကြောင်း

Special or Others ก.พ. 18, 2561 view 1,965

The Voice Myanmar ရဲ့ ပထမဦးဆုံး Blind Audition ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် (၇)ဦး ပေါ်ထွက်ခဲ့ပါပြီ။ သူတို့ရဲ့ သီဆိုယှဉ်ပြိုင်မှုနဲ့ နည်းပြတွေရဲ့ ရွေးချယ်မှုကို MRTV 4 ကနေတစ်ဆင့်ကြည့်ရှုပြီး ပရိသတ်များ အားရကျေနပ်ခဲ့ကြမှာ အသေချာပါပဲ။

ရွေးချယ်ခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အကြောင်းနဲ့ ဘယ်နည်းပြရဲ့ အသင်းမှာရောက်ရှိနေပြီလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

“ဘဝ”

မေမြို့ကလာရောက်ယှဉ်ပြိုင်တဲ့ အသက် (၂၆)နှစ်အရွယ် လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ သီချင်းဆိုပြိုင်တွေတွေကို စိတ်နာပြီး ဘယ်တော့မှ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် The Voice Myanmar ရဲ့ နည်းပြတွေကို လေးစားလွန်းလို့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
“ကိုစောင့်နတ်” ဆိုတဲ့ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နည်းပြ (၃)ဦးဖြစ်တဲ့ ကျားပေါက်၊ နီနီခင်ဇော်တို့က ခလုပ်နှိပ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
“ဘဝ” က နည်းပြတွေကို ပြန်ရွေးချယ်တဲ့အခါ ကျားပေါက်ကို ရွေးချယ်ခဲ့ပြီး ကျားပေါက်အဖွဲ့ရဲ့ ပထမဦးဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။



“စော့စော့”

မြစ်ကြီးနားကနေ လာရောက်ယှည်ပြိုင်တဲ့ တိုင်းရင်းသားလေးဖြစ်ပြီး အသက် (၂၄)နှစ်ရှိပါပြီ။
“ချစ်ဦးမေ” သီချင်းကို ထူးခြားတဲ့ပုံစံနဲ့ သီဆိုခဲ့ပြီး “ကျာပေါက်” က ခလုပ်နှိပ် ရွေးချယ်ခဲ့ပါတယ်။
ကျားပေါက်အတွက် ဒုတိယမြောက် အဖွဲ့ဝင် ထပ်မံဖြစ်လာခဲ့ပါတယ်။


“စန္ဒီ”

ရန်ကုန်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ စန္ဒီက အသက်(၂၅) နှစ်ရှိပါပြီ။ “Mama Oo” ဆိုတဲ့ အင်္ဂလိပ်သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကျားပေါက်၊ နီနီခင်ဇော်၊ ရန်ရန်ချန်းတို့ သုံးဦးစလုံးက ရွေးချယ်ခဲ့ပါတယ်။
စန္ဒီက နည်းပြတွေရွေးချယ်ဖို့ အခက်တွေ့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်ထဲက ဆန္ဒအတိုင်း “ရန်ရန်ချန်း” ကို ရွေးချယ်ခဲ့ပါတယ်။ ရန်ရန်ချန်းအတွက် ပထမဦးဆုံး အဖွဲ့ဝင်တစ်ယောက် ရရှိခဲ့ပါပြီ။



“Andrew”

အသက်(၂၂)နှစ်ဖြစ်ပြီး ဖားကန့်မြို့က လာရောကှ်ဉ်ပြိုင်တာဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေမှာ သီဆိုလေ့မရှိတဲ့ “ဖြစ်တတ်ပါတယ်” ဆိုတဲ့သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် တော်ရုံတန်ရုံ ခလုပ်နှိပ်ပြီး ရွေးချယ်လေ့မရှိတဲ့ “လင်းလင်း” က “နီနီခင်ဇော်” နဲ့အတူ အပြိုင်ရွေးချယ်ခဲ့ပါတယ်။
“Andrew” က သူ့အတွက် အကောင်းဆုံးတွေ ပေးနိုင်မယ်လို့ ယုံကြည်တဲ့ “နီနီခင်ဇော်” ကိုရွေးချယ်ခဲ့ပါတယ်။
“နီနီခင်ဇော်” အတွက်လည်း အဖွဲ့ဝင်တစ်ယောက် ရရှိသွားခဲ့ပါပြီ။



“Julia Htay”

မြို့ကုတ်မြို့ကလာရောက်ခဲ့ပြီး အသက် (၂၈)နှစ်ဖုစ်ပါတယ်။ “သီချင်းလက်ဆောင်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ရန်ရန်ချန်း” က ရွေးချယ်ခဲ့တဲ့အတွက် ရန်ရန်ချန်းအဖွဲ့မှာ ဒုတိယမြောက်အဖွဲ့ဝင်ဖြစ်လာပါတယ်။



“သက်နိုးဝေ”

“လွင့်နေပြီ” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ “သက်နိုးဝေ” က အသက် (၂၅)နှစ်၊ ရန်ကုန်ကပဲ ဖြစ်ပါတယ်။ ကျားပေါက်၊ နီနီခင်ဇော်၊ ရန်ရန်ချန်းတို့ သုံးဦးစလုံးက ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ သက်နိုးဝေက ပြန်လည် ရွေးချယ်ခဲ့ပါတယ်။



“နှင်းအိနြေ္ဒရှင်”

ရန်ကုန်မြို့က လာရောက်ယှဉ်ပြိုင်သူဖြစ်ပြီး အသက်(၁၉) နှစ်သာရှိပါသေးတယ်။ “Think Of Me” သီချင်းကို အရွယ်နဲ့မလိုက်အောင် သီဆိုဟန်ကောင်းသူမို့ ထူးထူးခြားခြား နည်းပြ လေးဦးစလုံးရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။
ရွေးချယ်ဖို့ ခက်နေပေမယ့် နောက်ဆုံးမှာတော့ “ကျားပေါက်” ကိုရွေးချယ်ခဲ့ပါတယ်။

အခုဆိုရင် “ကျားပေါက်” အဖွဲ့မှာ (၃)ဦး၊ “နီနီခင်ဇော်” အဖွဲ့မှာ (၂)ဦးနဲ့ “ရန်ရန်ချန်း” အဖွဲ့မှာ (၂)ဦး အသီးသီးရရှိခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့အဖို့ “လင်းလင်း” အတွက် အဖွဲ့ဝင်တစ်ယောက်မှ မရရှိသေးပါဘူး၊ နောက်အပတ်မှာ “လင်းလင်း” က ဘယ်သူတွေကို ရွေးချယ်ပြီး၊ ဘယ်သူတွေက လင်းလင်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာမလဲဆိုတာ ဖေဖော်ဝါရီ (၂၅) ည ၉:၀၀ နာရီ MRTV-4 မှာ ကြည့်ရှုကြရပါဦးမယ်။

 

>> သီဆိုယှဉ်ပြိုင်မှုများအားလုံးကို ဤနေရာတွင် ကြည့်ရှုနိုင်ပါပြီ <<



Follow us on