
ပဲခူတေိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကျွဲတဲကြီးကျေးရွာတွင် (၅ တန်း)ကျောင်းသူတစ်ဦးအား ခြံခြင်းကပ်လျက် အသက် (၅၁)နှစ်အရွယ် လူပျိုကြီးမှ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ဖခင်ဖြစ်သူ၏တိုင်ကြားချက်အရ ဖမ်းဆီးအရေးယူထားကြောင်း မှတ်တိုင်ရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၇)ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် အဒေါ်ဖြစ်သူက နေအိမ်အနောက်ဖက်သို့ သွားစဉ် တူမဖြစ်သူ (၅)တန်းကျောင်းသူအား ခြံခြင်းကပ်လျက်တွင်နေထိုင်သူ လူပျိုကြီးတစ်ဦးဖြစ်သည့် အသက် ၅၁ နှစ်အရွယ် ရဲသီ(ခ)ရဲသီဟ ဆိုသူက အဓ္ဓမပြုကျင့်နေကြောင်း တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းစဉ် ရဲသီဟမှာ ထွက်ပြေးသွားခဲ့သည်။
ဖခင်ဖြစ်သူက သီးဖြစ်သူအား မေးမြန်းခဲ့ရာ ရဲသီဟက သူမကို လက်ပြခေါ်သဖြင့် လိုက်သွားခဲ့ရာ နေအိမ်နောက်ဖက်အရောက်တွင် အဓ္ဓမပြုကျင့်ခဲ့ကြောင်းနှင့် ယခင်ကလည်း ထိုကဲ့သို့ နှစ်ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့ဖူးကြောင်း ပြောပြခဲ့သဖြင့် ဖခင်ဖြစ်သူက တိုင်းကြားရန် စီစဉ်ခဲ့သော်လည်း သမီးဖြစ်သူစာမေးပွဲ ဖြေနေဆဲဖြစ်သဖြင့် စာမေးပွဲပြီးမှ လာရောက်တိုင်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။

အရွယ်မရောက်သေးသည့် ပဉ္စမတန်းကျောင်းသူကို မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် ၅၁နှစ် အရွယ် ရဲသီ( ခ )ရဲသီဟအား ပေါင်းတည်မြို့ မှတ်တိုင်ရဲစခန်း မှ (ပ)၁၇/၁၈ ပုဒ်မ-၃၇၆ ဖြင့် အမူဖွင့်ဖမ်းစီးထားပြီး ရဲလုပ်ထုံးလုပ်နည်းများ အတိုင်း အရေးယူဆောင်ရွက်လျှက် ရှိကြောင်း မြေလတ်သတင်းဌါနမှ သိရှိရသည်။
comment