1. Home
  2. Special or Others

The Voice Global ရဲ့ ထိပ်တန်းစာရင်းထဲဝင်သွားတဲ့ နှင်းအိနြေ္ဒရှင်

Special or Others ก.พ. 20, 2561 view 2,237

နိုင်ငံတစ်ကာမှာ ပြုလုပ်နေတဲ့ The Voice အစီစဉ်များအားလုံးကို The Voice Global အဖြစ်ပြန်လည် စုစည်းထားတဲ့ YouTube ချန်နယ်မှာ The Voice Myanmar ရဲ့ ပြိုင်ပွဲဝင် “နှင်းအိနြေ္ဒရှင်” က “Hot This Week” စာရင်းထဲမှာ ယနေ့ပါဝင်လာတာကို တွေ့ရပါတယ်။

YouTube စာရင်းအရ ဗီဒီယိုတင်ပြီး တစ်ရက်အကြာမှာ ကြည့်ရှုသူ 39K ရှိနေပါတယ် ဆက်လက်ပြီး ကြည့်ရှုသူတွေများလာမယ်လို့ မျှော်လ့်ရပါတယ်။ ဒီလိုစာရင်းထဲ ဝင်သွားပြီဆိုရင်တော့ နိုင်ငံတစ်ကာက ပရိသတ်တွေပါ ထပ်မံရရှိလာမှာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ အော်စကာတွေ တစ်သီကြီးချိပ်ခဲ့တဲ့ “The Phantom of the Opera” ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Think Of Me” သီချင်းကို အော်ပရာပုံစံသီဆိုခဲ့လို့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့ပါတယ်။ မြန်မာပြည်အတွက် အော်ပရာသီဆိုနိုင်တဲ့ မျိုးဆက်သစ်တစ်ယောက် ပေါ်ထွက်လာပြီလို့ ဂီတကို နားလည်သူတွေ ရေးသားဝေဖန်ခဲ့ကြတာလည်း တွေ့ရပါတယ်။

လာမယ့် Battle Round မှာ “နှင်းအိနြေ္ဒရှင်” တစ်ယောက် ဘယ်လိုသီချင်းမျိုးနဲ့ ပရိသတ်ကို ထပ်ပြီးအံ့အားသင့်အောင် ယှဉ်ပြိုင်သွားမလဲဆိုတာ MRTV 4 ရုပ်သံလိုင်းကတစ်ဆင့် အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ မလွတ်တမ်း စောင့်မျှော်ကြည့်ရှုရပါဦးမည်။

 

>> The Voice Global Hot This Week
 



Follow us on