1. Home
  2. Myanmar News

HIV အဖြေမှားထုတ်သည့် မန္တလေးကဆေးရုံ လူနာအား ကျပ်သိန်း ၃၀၀ ပေးလျော်ရန် တရားရုံးမှဆုံးဖြတ်

Myanmar News ก.พ. 21, 2561 view 1,612

မန္တလေးမြို့ရှိ မြို့တော်ဆေးရုံမှ လူနာတစ်ဦးအား HIV ပိုးတွေ့သည်ဟုမှားယွင်းစွာဓါတ်ခွဲစစ်ဆေးမှု အဖြေထုတ်ပေးခဲ့ခြင်းကြောင့် ကာယကံရှင်မှ နစ်နာကြေးရလိုမှုဖြင် တရားစွဲဆိုခဲ့ရာ တရားရုံးစရိတ်နှင့် နစ်နာကြေးကျပ်သိန်း ၃၀၀ ပေးလျော်ရန်ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က ခရိုင်တရားရုံးမှ အပြီးသတ်အမိန့် ချမှတ်လိုက်ကြောင်းသိရသည်။

ပြီးခဲ့တဲ့ရုံးချိန်းမှာတရားရုံးက နှစ်ဖက်လျောက်လဲချက်တွေကို ကြားနာပြီး အပြီးသတ်အမိန့်ချပါတယ်။ တရားသူကြီးရဲ့အမိန့်ချမှတ်မှုက မျှတပါတယ်"ဟုတရားလို၏အထက်တန်းရှေ့နေဒေါ်ခိုင်ဇာဦး က ပြောကြားသည်။

တောင်သာမြို့နယ် ဘုရားလှရွာမှ လူနာဦးဝင်းတင်မှာ ကျန်းမာရေးမေ ကာင်း သဖြင့်မြို့တော်ဆေးရုံသို့ ၂၀၁၅ ခုနှစ်က တက်ရောက်ကုသစဉ် ဆေးစစ်ချက်မှားယွင်းစွာ ဖေါ်ပြခံခဲ့ရသဖြင့်၂၀၁၆။ အောက်တိုဘာလက မန္တလေးခရိုင် တရားရုံးသို့ ဦးတို က်ေ လျှာက်ထားခဲ့သည့်အမှုဖြစ်သည်။

"လျော်ကြေးရခြင်လို့ မဟုတ်ဘဲ ကျမအဖေရဲ့ ဂုဏ်သိက္ခာထိခိုက်လို့ တရား စွဲခဲ့တာ။ ခုလို တရားရုံးက ဆုံးဖြတ်ပေးလိုက်လို့ HIV မဟုတ်ဘူးဆိုတာ လိုက်ရှင်းပြ စရာမလိုတော့သလို သိက္ခာ လည်းမကျတော့ဘူး။”ဟု သမြီး ဖစ်သူ ဒေါ်သီတာဝင်း ကပြောသည်။

HIV ရှိနေသူဟုဆိုကာ နေရပ်တွင်ပတ်ဝန်းကျင်အထင်မြင်သေးခံခဲ့ရပြီး တစ်လခန့်အကြာ၌ နားအာရုံ ကြောကုသရန်ရန်ကုန်မြို့သို့ သွားရောက်စဉ် ထပ်မံဆေးစစ်မှုများပြုလုပ်ခဲ့ရာ ပုဂ္ဂလိက ဆေး ခန်းနှင့် အမျိုးသားကျန်းမာေ ရးဓါတ်ခွဲခန်း(NHL)တွင်ထပ်မံစစ်ဆေးခဲ့ရာ HIV မရှိကြောင်းအဖြေ ထွက် ခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်းသိရသည်။

(Mandalay News)



Follow us on