1. Home
  2. The Voice Myanmar

ဘဝအိမ်မက်တွေ အပြည့်နဲ့ The Voice Myanmar ကိုတက်လှမ်းမယ့် စော့စော့

The Voice Myanmar ก.พ. 22, 2561 view 2,263

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ စော့စော့ဟာ အနုပညာကို ငယ်စဉ်ထဲက ဝါသနာကြီးခဲ့သူတစ်ဦးဖြစ်ပြီး အဆိုပညာတင်မဟုတ် တယောထိုးတဲ့ ပညာကိုပါ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိပြီ နည်းပညာတက္ကသိုလ် E.P မေဂျာနဲ့ B.E တန်းတက်နေသူဖြစ်ပါတယ်။
Blind Audition မှာ “ချစ်ဦးမေ” သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပြီး “ကျားပေါက်” က ရွေးချယ်ခဲ့သလို “လင်းလင်း” ကလည်း စင်ပေါ်အထိ တက်ကာ သီချင်းကို တစ်ခေါက်တူတူ ပြန်ဆိုပေးခဲ့ပါတယ်။

စော့စောရဲ့ ဘဝအိမ်မက်တွေကို The Voice Myanmar မှာ ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာ လာမယ့် Battle Round မှာ ထပ်မံ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး..။

The Voice Myanmar အစီစဉ်ကို တနင်္ဂနွေည ၉ နာရီ MRTV-4 မှာ ထုတ်လွှင့်တင်ဆက်ပေးနေပြီး ပြန်လည်ပြသမှုကိုတော့ စနေနေ့ ည ၉ မှာ ထုတ်လွှင့်ပေးလျှက်ရှိပါတယ်။
 



Follow us on