1. Home
  2. The Voice Myanmar

အရမ်းအားငယ်တတ်တယ် ဆိုတဲ့ Julia Htay

The Voice Myanmar ก.พ. 23, 2561 view 2,137

မိုးကုတ်မြို့ကနေ မိဘတွေရဲ့အဝေးမှာ ပညာသင်ကြားနေရင်း The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်တဲ့ “Julia Htay” က အရမ်းအားငယ်တတ်တယ်လို့ သိရပါတယ်။

ငယငယ်လေးထဲက ဘုရားကျောင်းတွေမှာ သီးချင်းဆိုတဲ့ အလေ့အကျင့်ရှိခဲ့ပေမယ့် သီချင်းဆိုပြိုင်ပွဲတွေကိုတော့ မဝင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူကိုယ်တိုင် အထင်းကြီးလေးစားနှစ်သက်ရတဲ့ The Voice အစီစဉ်ကို The Voice Myanmar အဖြစ်တင်ဆက်တဲ့အချိန်မှာတော့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘယ်လိုပင် သီချင်းဆိုတဲ့အတွေ့အကြုံရှိနေပါစေ တစ်ကယ်ပြိုင်ပွဲဝင်ရတော့မယ်ဆိုတော့ သူမစိတ်လှုပ်းရှားခဲ့ရပါတယ်။ အဝေးက မိဘနှစ်ပါးရဲ့ အားပေးစကားတွေနဲ့ Blind Audition ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူမရဲ့ ရင်တွင်းစကားလေးတွေ နာထောင်ကြည့်ရအောင်။

နောက်တစ်ဆင့် Battle Round မှာ Julia Htay အနေနဲ့ ဘယ်လိုပြိုင်ပွဲဝင်မျိုးနဲ့ အတူတူယှဉ်တွဲပြိုင်ရဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV 4 ရုပ်သံကနေ စောင့်မျှော်ကြပါဦး။



Follow us on