1. Home
  2. Myanmar News

(၈)တန်းကျောင်းသား/သူများ စီးလာသောစက်လှေ ရေလယ်ဘုရားဖူးအပြန်တိမ်းမှောက်

Myanmar News ก.พ. 26, 2561 view 1,506

(၈)တန်းကျောင်းသား ကျောင်းသူများ လိုက်ပါစီးနင်းလာသော စက်လှေတစ်စီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင် ရေလယ်ဘုရားဖူးမှပြန်လာစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်လှေပေါ်တွင် အင်းတော်ကြီးအိုင် အရှေ့ဘက်ကမ်းရှိ လုံးစန့် အ.လ.က ကျောင်းမှ ကျောင်းသူကျောင်းသား ၁၅ ယောက်အပါအဝင် လူ ၁၈ ဦး စီးနင်းလာခဲ့လာ စက်လှေမှောက်မှုမှ ၉ ဦးသာ ဆယ်ယူကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူများ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ရေလည်ဘုရားဖူးမှ ပြန်လာစဉ် ရုတ်တရက် လေမုန်တိုင်းကျရောက်မှုကြောင့် တိမ်းမျှောက်ခဲ့ခြင်းဖြစ်သည်။ ဆယ်ယူရရှိသော လူနာများကို လုံးတုံတိုက်နယ်ဆေးရုံတွင်  ဆေးကုသမှုများ ပြုလုပ်ပေးလျှက်ရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသူများထဲတွင် ၈ တန်းကျောင်းသူ ၇ ဦး၊ ကျောင်းသား ၁ ဦးနှင့် စက်လှေမောင်းသူ၏ သမီးဖြစ်သူ အသက် ၂၀ နှစ်အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။


သတင်း - ဇော်မိုးထက်(ဖားကန့်)
ဓါတ်ပုံ - အောင်သော်
 



Follow us on