1. Home
  2. Good Morning Myanmar

မူးယစ်ဆေးဝါးချက်လုပ်တဲ့ ထိန်းချုပ်ဓာတုဗေဒကုန်ကြမ်းပစ်္စည်းတွေ အိန္ဒိယ နယ်စပ်မှ တရားမ၀င် ၀င်ရောက်နေ

Good Morning Myanmar ก.พ. 27, 2561 view 1,609
မြန်မာနိုင်ငံတွင်းက မူးယစ်ဆေးဝါးချက်လုပ်မှုတွေမှာအသုံးပြုတဲ့ ဓာတုဗေဒကုန်ကြမ်း ပစ္စည်း တွေကို အိနိ္ဒယနယ်စပ်မှ တရားမ၀င် ၀င်ရောက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက ပြောကြားလိုက်ပါတယ်။ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးဝါးတွေကို အိန္ဒိယနိုင်ငံ နယ်စပ်ဝင်ပေါက်တွေ ကတဆင့် မြန်မာနိုင်ငံတွင်းကို နည်းမျိုးစုံနဲ့ဝင်ရောက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်း ဒေသကြီးတွေကတဆင့် နယ်စပ်ဒေသတွေရှိ မူးယစ်ဝါးချက်လုပ်တဲ့ဒေသတွေကို သယ်ဆောင် နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက ပြောကြားပါတယ်။ပရီကာဆာ(ခေါ်) ထိန်းချုပ်ဓာတုဗေဒကုန်ကြမ်းပစ္စည်းတွေကို ထိန်းချုပ်နိုင်မှသာ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မှုတွေ ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။
 
 
ဒါ့ကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးဝါးတွေ အပါအ၀င် ပရီကာဆာများ(ခေါ်)ထိန်းချုပ်ဓာတုဗေဒကုန်ကြမ်းပစ်္စည်းတွေ တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုကို ပူးပေါင်းထိန်းချုပ်ပေးဖို့ လိုအပ်တယ်လို့ပြောပါတယ်။
 
မြန်မာ - အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးညွှန်ကြားရေးမှူး အဆင့်အစည်းအဝေးကို တတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ(၂၃)ရက်က Park Royal Hotel မှာ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ဒီအစည်းအဝေးမှာ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် တွေအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေတွေကို ပြန်လည်သုံးသပ်တာ၊မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသင်တန်းတွေ ဆောင်ရွက်နိုင်မှုပြန်လည်သုံးသပ်တာ၊ပရီကာဆာထိန်းချုပ်ရေး၊ နယ်စပ်ဆက်စပ်ရေးအရာရှိရုံးတွေ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေး၊နှစ်နိုင်ငံမူးယစ် ဆေးဝါး ပူးပေါင်းထိန်းချုပ်ဆောင်ရွက်မှုတွေ၊မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နှင့် အတွေ့အကြုံကောင်းတွေဖလှယ်တာစတာတွေကို ပွင်းလင်းစွာညှိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ လည်းပြောပါတယ်။
 
 
မြန်မာနိုင်ငံဘက်ကဦးဆောင်တဲ့ မြန်မာနိင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦး၊ ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်(၁၆)ဦး နဲ့ အိနိ္ဒယ နိုင်ငံဘက်မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုက ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင် (၆)ဦး၊ စုစုပေါင်း(၂၂)ဦးတက်ရောက်ဆွေးနွေးကြတာပါ။ပထမအကြိမ် မြန်မာ-အိနိ္ဒယနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးညွှန်ကြားရေးမှူးအဆင့်အစည်းအဝေးကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလက ရန်ကုန်မြို့မှာ (၂)ရက်တာကျင်းပခဲ့သလို ဒုတိယအကြိမ်ကိုတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက အိနိ္ဒယနိုင်ငံ နယူးဒေလီမြို့မှာ(၂)ရက်တာကျင်းပခဲ့ပြီး နှစ်နိုင်ငံသဘော တူညီမှု (၈)ချက်ကို ချမှတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2296980103661440/


Follow us on