1. Home
  2. The Voice Myanmar

ထူးခြားတဲ့အသံ ရဲရင့်တဲ့နှလုံးသားနဲ့ ပြိုင်ပွဲဝင် “လှိုင်မျိုးသူ”

The Voice Myanmar ก.พ. 27, 2561 view 2,215

The Voice Myanmar Episode 2 ကို တီဗီကနေ တိုက်ရိုက်ကြည့်ရှုနေတဲ့အချိန် အက်ဒမင်ကိုယ်တိုင်း “ဝိုး..” လို့ အံ့အားသင့်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကို တွေ့ခဲ့ရပါတယ်။
ပရိသတ်တွေအားလုံးလည်း အံ့အားသင့်သွားခဲ့ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
သူကတော့ “I Will Always Love You” သီချင်းနဲ့ နီနီခင်ဇော်ရဲ့ ရင်ထဲကိုထိုးဖောက်အောင် သီဆိုနိုင်ခဲ့တဲ့ “လှိုင်မျိုးသူ” ပဲ ဖြစ်ပါတယ်။

သီချင်းတစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ရုံသာမက သူဟာ လိင်တူချစ်သူ “ဂေး” တစ်ယောက်ဖြစ်တယ်ဆိုတာကို တစ်နိုင်ငံလုံးက ပရိသတ်တွေသိအောင် ဖွင့်ဟပြောရဲတဲ့ သတ္တိကို ချီးကျူးမိတာအမှန်ပါပဲ..။

ဖွင့်မပြောလဲဖြစ်တဲ့အရာကို သူဘာကြောင့် ဖွင့်ပြောခဲ့တာလဲ..?

အကြောင်းရင်းတစ်ခုကတော့ ရှိမှာသေချာပါတယ်..  
လိင်တူချစ်သူတွေအားလုံးကို ပတ်ဝန်းကျင်က တစ်ပြေးညီဆက်ဆံစေချင်တာရယ်၊ သူတို့ဟာ လူသားထဲက နှလုံးသားရှိတဲ့ လူတွေပဲဖြစ်သလို အခုလို ပြိုင်ပွဲတွေမှာလဲ တန်းတူရည်တူ အရည်အချင်းမျိုး ရှိကြပါတယ်ဆိုတာကို နားလည်စေချင်ဟန်တူပါတယ်။

ကျူရှင်ဆရာတစ်ယောက်ဖြစ်တဲ့ အလျှောက် တပည့်ကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆရာတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့မိခင်ကိုယ်တိုင်က လိင်တူချစ်သူဘဝကို နားမလည်ပေးနိုင်သေးပေမယ့် သူကတော့ မိခင်ကို ပြုစုလုပ်ကျွေးချင်တဲ့ သားတစ်ယောက် ဖြစ်ချင်ပါတယ်လို့ ဆိုပါတယ်။

“နီနီခင်ဇော်” ရဲ့ TeamNiNi အဖွဲ့သားတစ်ယောက် ဖြစ်သွားတဲ့ “လှိုင်မျိုးသူ” Battle Round မှာ ဆက်လက်ယှဉ်ပြိုင်မှုကို ဆက်လက်အားပေးကြပါဦး။ အပတ်စဉ် တနင်္ဂနွေ ည ၉ နာရီ MRTV-4 ရုပ်သံလိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီမှာ ထုတ်လွှင့်ပေးလျှက်ရှိပါတယ်။



Follow us on