1. Home
  2. Special or Others

ဓါတ်လှေကားထဲ မိုက်ရိုင်းစွာ အပေါ့သွားခဲ့လို့ ခြောက်ခြားခဲ့ရသူ

Special or Others ก.พ. 27, 2561 view 1,486

ဟဲ့.. ကလေးတွေ လမ်းဘေးမှာ မအောင့်နိုင်လို့ အပေါ့အပါးသွားရင် အစောင့်အရှောက်တွေကို တောင်းပန်းခွင့်တောင်းပြီးမှသွားနော်” လို့ လမ်းခရီးသွားတဲ့အခါ လူကြီးသူမတွေက မှာလေ့ရှိပါတယ်။ လူငယ်တွေအနေနဲ့တော့ ဒီအယူအဆကို အယုံအကြည်ရှိသူ နည်းပါးပါတယ်။

ဒါပေမယ့် တရုပ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တစ်ခုကြောင့် ဒီအယူအဆဟာ မမှားပဲ၊ နေရာတိုင်းမှာ သူ့နေရာနဲ့သူ အစောင့်အရှောက်တွေရှိတယ်ဆိုတာ သက်သေပြသလိုဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တရုပ်နိုင်ငံ ချောင်ကွင်းမြို့မှာရှိတဲ့ လူနေအဆောက်အဦးတစ်ခုက ဓါတ်လှေကားထဲမှာ ဖြစ်ပျက်ခဲ့တာပါ။

စီစီတီဗီပုံရိပ်အရ ကလေးတစ်ဦးဟာ ဓါလှေကားစီးနေရင်း ဘောင်းဘီချွတ်ကာ သေးကော့ပန်းခဲ့ပါတယ်။ မအောင့်နိုင်လို့ အပေါ့သွားတဲ့ ပုံစံမျိုးမဟုတ်ပဲ တမင်သက်သက် မိုက်ရိုင်းစွာ ပြုမူခဲ့တာပါ။ ဓါတ်လှေကား ခလုပ်တွေအားလုံးကို သေးကော့ပန်းခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် အဖြစ်ပျက်က မကြာလိုက်ပါဘူး သူဆင်းရမယ့် အထပ်အရောက်မှာ ဓါတ်လှေကားတံခါးက မဖွင့်ပဲ ဟစိ ဟစိ သာဖြစ်နေတဲ့အတွက် သူထွက်လို့မရပါဘူး၊ တစ်ချိန်ထဲမှာပဲ သူသေးနဲ့ပန်းခဲ့တဲ့ ခလုပ်တွေက မီးတွေလင်းလာလိုက်မှိန်လာလိုက်နဲ့ ဒေါသဖြစ်နေတယ်လို့ ပြောတဲ့ပုံစံမျိုး လှုပ်ရှားမှုကို တွေ့ရပြီး အထဲမှာပိတ်မိနေခဲ့ပါတယ်။

အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ကလေးရဲ့ အပြုအမူကို ဝိုင်းဝန်းဝေဖန်ရှုံ့ချပြီး မိဘတွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဆိုရိုးစကားအတိုင်း အချို့အချို့သော အကြောင်းရာတွေက ပြောရခက်တယ်လို့ပဲ ဆိုချင်ပါတယ်။


 



Follow us on