1. Home
  2. Special or Others

မိဘတွေ သဘောမတူရုံနဲ့တော့ လွယ်လွယ်နဲ့ နောက်မဆုတ်တဲ့ သတို့သမီး

Special or Others ก.พ. 28, 2561 view 1,826

မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်ကြတာပဲလေ ဒါကြောင့်မို့ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူ လူပျိုလေးက အသက် ၃၈ နှစ်အရွယ် တစ်ခုလပ်နဲ့ အိမ်ထောင်ပြုတော့မယ်ဆိုတော့ မိဘဖြစ်သူတွေက အပြင်းအထန်ကန့်ကွက်ကြပါတယ်။

ဒါပေမယ့်လည်း မိဘမေတ္တာတရားဆိုတာ ကြီးမားတယ်မဟုတ်လား သတို့သမီးဘက်က တရုပ်ယွမ်ငွေ သုံးသန်းနဲ့ တင်တောင်းတဲ့အခါမှာတော့ ကြည်ကြည်ဖြူဖြူနဲ့ သဘောတူလိုက်ပါတယ်။

သူတို့နှစ်ဦးစလုံးက တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့ကဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးဖြစ်ပြီး အိမ်ထောင်ကွဲထားသူလည်း ဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကွာဟတဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအပေါ် အချစ်ဆိုတာဒါလားဆိုတဲ့ ဝေဖန်သံတွေ အွန်လိုင်းပေါ်မှာ ဆူညံခဲ့ပါတယ်။

လက်ထပ်ချိန်မှာ သူမမှာ ကိုယ်ဝန်ရှိနေပါပြီ။ အစပိုင်းမှာ သတို့သားရဲ့ မိဘတွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြပေမယ့် ငွေကြေးများစွာနဲ့ တင်တောင်လိုက်တဲ့အခါမှာတော့ အားလုံး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်ဖြူဖြူ အဆင်ပြေသွားခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဗီဒီယိုနဲ့တစ်ကွ ဖော်ပြထားပါတယ်။
 



Follow us on