1. Home
  2. The Voice Myanmar

ဖခင်ရဲ့ဂီတမျိုးဆက်ကို ဆက်လက်ရှင်သန်စေသူ “ဖြိုးဟေမာဦး”

The Voice Myanmar ก.พ. 28, 2561 view 2,126

“အကြင်နာရယ် ရီဝေတဲ့အပြုံးလေးများကြားမှာ ရစ်မူးရင်းနဲ့သာ...”
ပရိသတ်အားလုံးရဲ့ ရင်ထဲရောက်ပြီးသား “ထူအိမ်သင်” ရဲ့ “အကြင်နာအိမ်မက်” သီချင်းကို ပုံစံတစ်မျိုးလေး ပြောင်းဆိုထားပါတယ်။

အစပိုင်းလေးတွေမှာ သိပ်မသိသာပေမယ့် နောက်ဆုံး နေရာမှာတော့ အားလုံးက “ဝိုး” လို့ အာမေဋိတ်ပြုရလောက်တဲ့ထိ အသံကိုကစားသွားတာက အရမ်းလှပလွန်းခဲ့ပါတယ်။

“ဖြိုးဟေမာဦး” ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ အလုပ်တွေအားလုံး ပစ်ချခဲ့ပြီး The Voice Myanmar အဆိုပြိုင်ပွဲကြီးဆီကို လျှောက်လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပါ။ သူမမှာ ဂီတနဲ့ပက်သက်တဲ့ အိမ်မက်အကြီးကြီးတွေ ရှိနေဆဲဖြစ်ပါတယ်။

နည်းပြ “ကျားပေါက်” “နီနီခင်ဇော်” “ရန်ရန်ချန်း” တို့ သုံးဦးထဲက ရက်ပ်ပါကြီး “ရန်ရန်ချန်း” ကိုရွေးချယ်ခဲ့ပြီး TeamYC ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။
 
Battle Round မှာ “ဖြိုးဟေမာဦး” တစ်ယောက် ဘယ်လိုထူးခြားတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်လိမ့်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျော်အားပေးကြပါဦး။
Replay play ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
 



Follow us on