1. Home
  2. The Voice Myanmar

“အိုအီရှိ” က ဘာကြောင့် ရက်ပ်ပါကြီးကို ရွေးချယ်ခဲ့တာလဲ..?

The Voice Myanmar ก.พ. 28, 2561 view 2,202

Blind Audition ဒုတိယအပတ်မှာ နည်းပြလေးဦးလုံးက ရွေးချယ်ခဲ့ပြီး သူတို့အားလုံး သည်းသည်းလှုပ်လိုချင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်ကတော့ “Oishi” အိုအီရှိ ပဲဖြစ်ပါတယ်။

ဘောင်းဘီတိုတိုနဲ့ စင်ပေါ်တက်လာတဲ့ သူရဲ့ပုံစံကလည်း သီချင်းမဆိုခင်ကတည်းက ပရိသတ်တွေအတွက် ထူးခြားနေခဲ့တာပါ။ ဒါကို လှည့်ကြည့်ပြီးမှ သိလိုက်ရတဲ့ နည်းပြတွေကတော့ “ပုဆိုးဘယ်မှာ ကျွတ်ကျန်ခဲ့လဲ” လို့ ကျယ်စယ်ရလောက်အောင် အံ့သြခဲ့ရပါတယ်။

သူ့ရဲ့ သီချင်းဆိုတဲ့ ဟန်ပန်နဲ့ အသံပါဝါကြောင့် အားလုံးက “လင်းလင်း” နဲ့ “နီနီခင်ဇော်” တစ်ယောက်ယောက်ကို ရွေးလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် သူကတော့ ရက်ပ်ပါကြီး “ရန်ရန်ချန်း” ကို ရွေးချယ်ခဲ့ပါတယ်။ အင်တာဗျူးမှာတော့ သူဟာ ဟစ်ပ်ဟော့သီချင်းတွေကိုလည်း ကြိုက်တယ်လို့ ဖြေသွားခဲ့ပါတယ်။

“Oishi” တစ်ယောက် ရက်ပ်ပါကြီး ရန်ရန်ချန်းနဲ့ လက်တြွပြီး Battle Round မှာ ဘယ်လိုထူးခြားတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်လိမ့်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျော်အားပေးကြပါဦး။
Replay play ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

 



Follow us on