1. Home
  2. The Voice Myanmar

နီနီခင်ဇော်ကို ဇဝေဇဝါဖြစ်စေခဲ့တဲ့ “အစ်ရှမ်းပေါင်း”

The Voice Myanmar ก.พ. 28, 2561 view 2,171

တောင်ပ်ါဘုရားကျောင်းက ဆရာမလေး “အစ်ရှမ်းပေါင်း” က ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ကနေ The Voice Myanmar ဆီကို ယုံကြည်ချက်အပြည့်နဲ့ ရောက်လာခဲ့သူတစ်ဦးပါ။

သီချင်းဆိုပြိုင်ပွဲတွေ တစ်ခါမှ မဝင်ပြိုင်ဖူးတဲ့ “အစ်ရှမ်းပေါင်း” အတွက် ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တစ်ကယ်ယှဉ်ပြိုင်တဲ့အခါမှာတော့ ကြောက်တဲ့စိတ်တွေအားလုံးကို တွန်းလှန်ရင်း “Runaway Baby” သီချင်းကို မြူးမြူကြွကြွ သီဆိုယှဉ်ပြိုင်တာကို ပရိသတ်တွေအားလုံးလဲ တွေ့ခဲ့ကြရမှာပါ။

ထူးခြားတာက နည်းပြတစ်ဦးဖြစ်တဲ့ “နီနီခင်ဇော်” က သူမရဲ့အသံကို ယောက်ျားလား၊ မိန်းမလားဆိုတာ မခွဲနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သီချင်းအဆုံးပိုင်းမှာ ကြောက်စရာကောင်းလောက်အောင် အမြင့်သံနဲ့ အဆုံးသတ်ခဲ့တဲ့အတွက် “လင်းလင်း” နဲ့ “ကျားပေါက်” တို့ နှစ်ဦးက ရွေးချယ်ခဲ့ပါတယ်။ နီနီကတော့ ဇဝေဇဝါဖြစ်နေဆဲမို့ မရွေးလိုက်နိုင်ခဲ့ပါဘူး။

“အစ်ရှမ်းပေါင်း” က “လင်းလင်း” ကိုပြန်လည်ရွေးချယ်ခဲ့ပါတယ်။

Battle Round မှာ ဘယ်လိုထူးခြားတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်လိမ့်ဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေည ၉ နာရီ MRTV-4 ရုပ်သံလိုင်းကနေ စောင့်မျော်အားပေးကြပါဦး။
Replay play ပြန်လည်ပြသမှုကိုတော့ စနေနေ့ည ၉ နာရီ MRTV-4 ကနေပဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။



Follow us on