1. Home
  2. Special or Others

ကလေးက စူးစူးဝါးဝါးနဲ့ အော်ငိုလို့ စီစီတီဗီပြန်ကြည့်လိုက်မှ သွေးပျက်သွားတဲ့မိခင်

Special or Others มี.ค. 05, 2561 view 1,532

မိခင်ဖြစ်သူတစ်ဦးဟာ ကလေးစောင့်ကြည့်ကင်မရာကို ပြန်စစ်ကြည့်လိုက်တဲ့အခါ သူမရဲ့ ၁၁ လ သမီးလေးဘေးမှာ နာနာဘာဝ(သရဲ)လို့ ယူဆရတဲ့ဟာကို တွေ့ခဲ့ရပြီး အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

နိုင်ငံခြားတိုင်းပြည်များရဲ့ အလေ့အထအရ ကလေးကို မွေးကင်းစအရွယ်လောက်ထဲက အခန်းခွဲပြီး သိပ်တတ်ကြပါတယ်။ တစ်ညတော့ Bonnie Moore ဆိုတဲ့ အမျိုးသမီးဟာ အိပ်ပျော်နေစဉ် တစ်ဖက်ခန်းက ၁၁ လအရွယ် သမီးငယ်လေး Athea ရဲ့ စူးစူးဝါးဝါးအော်ငိုသံကြောင့် လန့်နိုးလာပါတယ်။

ချက်ခြင်းပဲ ကလေးငယ်ရဲ့ အခန်းထဲကိုသွားပြီး ချောမြူကာ ပြန်အိပ်ပျော်အောင် သိပ်ခဲ့ပြီးနောက် ကလေးဘာဖြစ်လို့ ငိုတာပါလိမ့်လို့ သိရအောင် စောင့်ကြည့်ကင်မရာကို နောက်ပြန်ရစ်ကြည့်လိုက်တဲ့အခါ ကြက်သီးမွေးညှင်းထလောက်အောင် နာနာဘာဝ(သရဲ)က ကလေးရဲ့ နံဘေးမှာ လှဲအိပ်နေတာကို တွေ့ခဲ့ရပါတယ်။

ကင်မရာမှာ မြင်ရတဲ့ ပုံရိပ်အရ အရုပ်တစ်ရုပ် ဒါမှမဟုတ် ကလေးတစ်ဦးလို့ ထင်ရတဲ့ ပုံပန်းသဏ္ဍန်ကို တွေ့ရှိခဲ့တာပါ။ ဒီအကြောင်းနဲ့ပက်သက်ပြီး Boonnie က သူတို့အိမ်မှာ အခြားကလေးလဲမရှိသလို သမီးလေးဟာ ငယ်သေးတဲ့အတွက် ဘာအရုပ်မှလဲ မဝယ်ပေးထားသေလို့ အရုပ်မရှိသေးဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်။ ဒီကိစ္စဟာ ပြန်ရှင်းပြဖို့ အတော်ခက်နေပေမယ့် ကင်မရာထဲက ပုံရိပ်ကတော့ ငြင်းလို့မရအောင် အထင်းသားပေါ်နေပါတယ်။

Bonnie က သူမရဲ့ကလေးကလည်း ဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားရလို့ အောင်ငိုတာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ သူမနဲ့ ရင်းနှီးသူအချို့ကတော့ ဒါဟာ အသက် ၉ နှစ်အရွယ်မှာ ဆုံးပါးသွားတဲ့ Bonnie ရဲ့ မောင်လေးလဲ ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

မည်သို့ပင်ဆိုစေ အရွယ်မရောက်သေးတဲ့ ကလေးငယ်များကို အခန်းခွဲပြီး အိပ်စေတဲ့ အနောက်တိုင်းရဲ့ အယူအဆပုံစံကတော့ အရှေ့တိုင်းသားတွေ အနေနဲ့ လက်မခံချင်စရာ နေထိုင်မှုပုံစံ တစ်ခုလိုတော့ ဖြစ်နေပါတယ်။



Follow us on