1. Home
  2. Movie Stars - Celebrity

ထူးအယ်လင်း ဘုန်းကြီးဝတ်သွားရတဲ့ အကြောင်းရင်းမှန်

Movie Stars - Celebrity มี.ค. 06, 2561 view 1,742

မကြာသေးခင်ကမှ ပြစ်မှုတစ်ခုအတွက် ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရတဲ့ နိုင်ငံကျော် Rock အဆိုတော် ထူးအယ်လင်း တစ်ယောက် လောကီလူဘောင်ကို ခတ္တစွန့်ခွာပြီး ဒုလ္လဘရဟန်းဘဝမှာ ဦီးဇောတိပါလ ဘွဲ့အမည်နဲ့ ရဟန်းဝတ်ကာ သာသနာ့အရိပ်မှာ နားခိုနေကြောင်း သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာ မတ်လ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် “ဥူးဇင်း ရှင်ဇောတိပါလ ဆန္ဒပြုဆုတောင်းပါတယ်၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင် ခုနှစ်ရက်သားသမီးနှင့် ရာဟုသားသမီးပါမကျန် ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ” လို့ ဆုတောင်းပေးထားပါတယ်။

ထူးအယ်လင်းတစ်ယောက် သာသနာ့ဘောင်မှာ ရှင်ဇောတိပါလအဖြစ် ဒုလ္လဘရဟန်းဝတ်ရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့မိခင်ကို ကျေးဇူးဆပ်ခွင့်ရတုန်းလေး ကျေးဇူးဆပ်ချင်လို့ပါတဲ့..။

ရှင်ဇောတိပါလ တစ်ဖြစ်လဲ ကိုထူးအယ်လင်း ပြုသမျှကောင်းမှူကုသိုလ် အကျိုးကြောင့် ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



 



Follow us on