1. Home
  2. Special or Others

လေပြင်းတိုက်ခတ်မှုကြောင့် လေဆိပ်မျက်နှာကျက်များပြိုကျ

Special or Others มี.ค. 07, 2561 view 1,409

လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် တရုပ်နိုင်ငံအရှေ့ပိုင်း နန်ချန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ  လေဆိပ်အပြင်ဘက် မျက်နှာကျက်များ အတွဲလိုက် တောက်လျောက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ခရီးသည်များ ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ကြရသည်။

မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၃၅ အချိန်ခန့်က လေဆိပ် Terminal 2 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်နှာကျက်များ ပြိုကျခဲ့မှုကြောင့် မော်တော်ယာဉ်အချို့ ပျက်ဆီးမှုများရှိခဲ့ပြီး ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရခဲ့သူ မရှိကြောင်း သိရှိရသည်။

ထွက်ခွာမည့် ခန်းမရှိ ခရီးသည်များအား ဆိုက်ရေက်ခန်းမသို့ ခေတ္တမျှရွေ့ပြောင်းပေးခဲ့ရပြီး ညနေပိုင်းတွင် လေဆိပ်၏ လုပ်ငန်းစဉ်များ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
 



Follow us on