1. Home
  2. Myanmar News

မန္တလေးတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၌ ဖြေဆိုရန်ပျက်ကွက်သူ ငါးထောင်ကျော်ရှိ

Myanmar News มี.ค. 08, 2561 view 1,539

၂၀၁၇ - ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၇ ရက်နေ့က စတင်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းအတွင်း ပထမရက်တွင် ဖြေဆိုရန် ပျက်ကွက်သူ ငါးထောင်ကျော်ရှိခဲ့သည်။

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁၁၆,၈၁၉ ဦးအနက် ပထမရက်တွင် ဖြေဆိုသူ ၁၁၁,၃၉၇ ရှိပြီး ပျက်ကွက်သူ ၅,၄၂၂ ဦးရှိကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးမှ သိရှိရသည်။

စာစစ်ဌာနက ကျောင်းတွေမှာသာမက အကျဉ်းဦးစီးဌာန၊ မန္တလေးဆေးရုံကြီးပေါ့။ ပညာရေးဌာနက စာမေးပွဲ မကျင်းပမီမှာ ကြိုတင်စီစဉ်မှုတွေ လုပ်ပါတယ်။” ဟု တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်၂၀၁၆-၁၇ ပညာသင်နှစ်က တိုင်းအတွင်းစာစစ်ဌာန ၁၈၀ တွင် ဖြေဆိုရန် လျှောက်ထားသူ ၁၀၅,၀၂၄ ဦးအနက် ၉၉,၈၄၃ ဦးသာ အမှန်တကယ်ဖြေဆိုပြိး ၅,၁၈၁ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်းသိရသည်။


ဒီနှစ်ဖြေဆိုတဲ့ စာရင်းများအရ စာစစ်ဌာနတွေထဲမှာ အကျဉ်းဦးစီးက ကျား ၅၀ နဲ့ မ ၇ ဦးရှိပြီး ဒီနှစ်မှာ မနှစ်က ထက်များတယ်။ ဆေးရုံမှာ ၁ ဦး၊ နားမကြားကျောင်းက စာရင်းရှိ ၄ ဦးမှာ ၃ ဦး ဖြေဆိုတယ်။ မျက်မမြင်ကျောင်းက စာရင်းရှိ ၄ ဦးနဲ့ ဖြေဆိုသူ ၂ ဦးပါ။” ဟု ပညာရေးဌာန တာဝန်ရှိသူကပြောသည်။

သတင်း/ဓါတ်ပုံ - Mandaly News
 



Follow us on