1. Home
  2. Special or Others

ဗလီတစ်ခုထဲသို့ တောဝက်ထီးတစ်ကောင် ဝင်ရောက်သောင်းကျန်း

Special or Others มี.ค. 08, 2561 view 1,539

မလေးရှားနိုင်ငံရှိ ဗလီတစ်ခုတွင် ဝတ်ပြုဆုတောင်းနေချိန် တောဝက်တစ်ကောင် ဝင်ရောက်သောင်းကျန်းခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

မတ်လ ၆ ရက် ညပိုင်းအချိန်တွင် စလန်ဂေါ်ပြည်နယ်၊ ဆွန်ငိုင်းဘလုတ်ရပ်ကွက်ရှိ ဗလီတွင် လူအများဝတ်ပြုဆုတောင်းနေစဉ် မမျှော်လင့်ထားပဲ တောဝက်တစ်ကောင်းက ပြေးဝင်လာသဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဗလီဆရာဖြစ်သူ “Ungku Ahmad Hazwan Ungku Kamarudin” က ပြောကြားခဲ့သည်။

“ဗလီဝင်းထဲကို ဝက်ထီးတစ်ကောင် လမ်းမှားရောက်လာပြီး ပြန်ထွက်ဖို့ လမ်းပျောက်သွားတယ်၊ အဲ့အချိန်မှာ ဝတ်ပြုတဲ့သူတွေနဲ့ ကလေးတွေကို နောက်ကနေလိုက်တော့တာပဲ အဲဒီကနေ ဗလီထဲစွတ်ဝင်ပြေးသွားတာ၊ ဝက်ရဲ့ဂုတ်နားမှာ ဒဏ်ရာရထားတာကိုလည်း တွေ့လိုက်ရတယ်၊ တစ်ယောက်ယောက်က သတ်ဖို့လုပ်တဲ့အချိန်မှာ ထွက်ပြေးလာတာနဲ့ တူပါတယ်” ဟု ဗလီဆရာက ဗလီရဲ့ ဖေ့စ်ဘွခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ထို့ပြင် တောဝက်ဟာ ဗလီဝင်းထဲက မော်တော်ဆိုင်ကယ်နှစ်စီးကိုလည်း ဝင်းတိုးခဲ့မိပြီးနောက် ဗလီကတာဝန်ရှိသူတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ဖြည့်စွက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဆွန်ငိုင်းဘလုတ်ရဲဌါနက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

TheStar



Follow us on