1. Home
  2. Special or Others

အသက် ၆၂ နှစ်မှ ကံထပ်ပေါ်တဲ့ အမျိုးသမီးကြီး ထိုင်ဝမ်တွင် မှတ်တမ်းဝင်

Special or Others มี.ค. 08, 2561 view 1,519

ထိုင်ဝမ်နိုင်ငံတွင် အသက် ၆၂ နှစ်အရွယ် အငြိမ်းစားအမျိုးသမီးကြီးတစ်ဦးက ဖေဖော်ဝါရီ ၂၅ ရက်နေ့က အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့သဖြင့် ထိုင်ဝမ်၏ အသက်အကြီးဆုံး ကိုယ်ဝန်ဆောင် ကလေးမီးဖွားသူစာရင်းဝင်သွားခဲ့သည်။

မဒမ်ဝူးဆိုသူ အမျိုးသမီးကြီးက တိုင်ပေဆေးရုံမှာ မွေးဖွားခဲ့ပြီး ကလေးမှာ အလေးချိန် ၂.၉၃ ကီလိုရှိကာ မိခင်ရောကလေးပါ ကျန်းမာလျှက်ရှိသည်။ ကလေးငယ်၏ အစ်မတော်စပ်သူမှာ  အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး မိခင်နဲ့အတူ သူမ၏မောင်လေးကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

မဒမ်ဝူး၏ ခင်ပွန်းဖြစ်သူက သမီးဖြစ်သူ အိမ်ထောင်ပြုသွားပြီးနောက်ပိုင်း လင်မယားနှစ်ဦးတည်း အထီးကျန်ဆန်ခဲ့သဖြင့် ငွေးရေးကြေးရေး၊ ကျန်းမာရေး ပြည့်စုံတဲ့အခါ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူဖို့ လင်မယားနှစ်ယောက် တိုင်ပင်ထားခဲ့ကြောင်း၊ ယခုလို နောက်ထပ် သားယောက်ျားလေးတစ်ဦး ထပ်မံရရှိခဲ့တဲ့အတွက် ပြောပြလို့မရ​အောင် ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

မဒမ်ဝူး၏ ကိုယ်ဝန်ကို အနီးကပ်စောင့်ရှောက်ပြီး  အောင်မြင်စွာ မီဖွားပေးနိုင်ခဲ့သည့် ဆရာဝန် Dr Hsiao က မတ်လ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကာ အသက်ကြီးပိုင်းမှာ ကိုယ်ဝန်ဆောင်တာဟာ အန္တရာယ်အလွန်ရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
အသက် ၃၅ နှစ်နဲ့အထက် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက သာမန်ထက် နှစ်ဆပိုရှုပ်ထွေးတဲ့ ကလေးစောစီးစွာမွေးဖွားခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ အသေလေးမွေးခြင်း စတဲ့ ကိစ္စများ ကြုံရတတ်သဖြင့် အသက်ကြီးကာမှ ကိုယ်ဝန်ဆောင်သူများအနေနဲ့ နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနဲ့ အနီးကပ်မပြတ်ဂရုစိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်ခဲ့သူက အိန္ဒိယနိုင်ငံက အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးပဲဖြစ်ပါတယ်။
 



Follow us on