1. Home
  2. Movie Stars - Celebrity

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးကို Deadpool မင်းသမီးတရားစွဲ

Movie Stars - Celebrity มี.ค. 08, 2561 view 1,971

၂၀၁၆ ခုနှစ်တွင် အောင်မြင်ကျော်ကြားခဲ့သည့် “Deadpool” ရုပ်ရှင်ဇာတ်ကားထဲမှ မင်းသမီးဖြစ်သူ Taylor Hickson က လာမည့် မတ်လ ၁၄ ရက်နေ့တွင် ရုံတင်ပြသတော့မည့် “Ghostland” ဇာတ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခဲ့မှုအတွက် တရားစွဲလိုက်ပါတယ်။

အသက် ၂၀ အရွယ် ကနေဒါနိုင်ငံသူ ရုပ်ရှင်မင်းသမီး Taylor Hickson ဟာ ၂၀၁၆ ခုနှစ်တုန်းက “Gostland” ဇာတ်ကားရိုက်ကူးစဉ် သူမရဲ့ မျက်နှာ ဘယ်ဖက်ပါးပြင်ပေါ်မှာ ပြတ်ရှဒဏ်ရာရခဲ့ပြီး အချက် ၇၀ ချုပ်ခဲ့ရတာကြောင့် အမာရွတ်ဖြစ်ခဲ့သည့်အတွက် တာဝန်ရှိသော ထုတ်လုပ်ရေးကို ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲခဲ့ပါတယ်။

Ghostland ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ သူမအနေနဲ့ အရမ်းစိတ်လှုပ်ရှားနေတဲ့ ခံစားမှုမျိုးနဲ့ သရုပ်ဆောင်ရမှာဖြစ်ပြီး မှန်ချပ်တွေတပ်ထားတဲ့ တံခါးနားမှာ သူ့မျက်နှာကို အနီးဆုံးထားကာ လက်သီးနဲ့ ထုရိုက်ရတဲ့ အခန်းဖြစ်ပါတယ်။
အဲဒီအခန်းရိုက်ကူးစဉ်မှာ ဒါရိုက်တာ Pascal Laugier က မှန်တံခါးကို ပြင်းပြင်းထုရန် အထပ်ထပ်မှာကြားခဲ့သဖြင့် ညွှန်ကြားချကိအတိုင်း လုပ်ခဲ့ရာ မှန်ကွဲပြီး မျက်နှာကို မှန်စစိုက်ဝင် ပြတ်ရှခဲ့ရသည်ဟု တရားရုံးတွင် ပြောကြားခဲ့သည်။

ဒဏ်ရာမရမီနဲ့ ဒဏ်ရာရခဲ့ပြီးပုံ

သူမကို အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး မျက်နှာမှာ အချက် ၇၀ ချုပ်ခဲ့ရသည်။ ထိုစဉ်က နာကျင်မှုကိုခံစားရသလို သွေးများရွှဲနေသဖြင့် အဝတ်စများ တစ်ထည်ပြီးတစ်ထည် လဲခဲ့ရကြောင်း Taylor Hickson က ပြောကြားခဲ့သည်။
 



Follow us on