1. Home
  2. Special or Others

ကလေးကိုဖုန်းပေးသုံးမိလို့ ၄၈ နှစ်ကြာ iPhone လောခ့်ကျသွားတဲ့ မိခင်

Special or Others มี.ค. 12, 2561 view 1,585

နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးက သူမိခင်ရဲ့ iPhone ကို ယူဆော့ခဲ့တာကြောင့် ၄၈ နှစ်ကြာ ဖုန်းလောခ့်ကျသွားခဲ့ရပါတယ်။

ကလေးက passcode ခံထားတဲ့ မိခင်ရဲ့ iPhone ကို ယူပြီး passcode နံပါတ်အမှားတွေ လျှောက်နှိပ်မိတာကြောင့် ဖုန်းရဲ့စခရင်မှာ မိနစ်ပေါင်း ၂၅ သန်းကျော်ကြာ စောင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ပေါ်လာတဲ့အတွက် passcode အမှန်နဲ့ ဖွင့်မယ်ဆိုရင်တောင် နှစ်နဲ့တွက်ရင် ၄၈ နှစ်စောင့်ရမယ်ဆိုတဲ့ သဘောဖြစ်ခဲ့ပါတယ်။

iPhone ရဲ့ passcode ဟာ လုံခြုံရေးကို ဦးစားပေးထားတဲ့အတွက် မှားနှိပ်ခွင့်ကို အကြိမ်အရေအတွက် ကန့်သတ်ထားပါတယ်၊ ၁၀ ကြိမ်သာ မှားယွင်းခွင့်ရှိပြီး ဒီထက်မကပိုမှားနေမယ်ဆိုရင်တော့ ဖုန်းကိုပြန်ဖွင့်ဖို့ မိနစ်အနည်းငယ်စောင့်ခိုင်းပါတယ်။
မှားနှိပ်မိတဲ့အကြိမ်ရေတိုးလာလေလေ ဖုံးကိုပြန်ဖွင့်ဖို့ စောင့်ခိုင်းတဲ့ အချိန်ကာလရှည်လာလေဖြစ်ပါတယ်။ ယခုအဖြစ်ပျက်မှာတော့ ကလေးငယ်က အကြိမ်ရေမည်မျှ မှားယွင်းနှိပ်လိုက်သည်ကို အတိကျမပြောနိုင်ပေမယ့် ဖုံးပြန်ဖွင့်ခွင့်ကိုတော့ ၄၈ နှစ်ကြာ ပိတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဖုန်းကို Apple service မှာ သွားပြတဲ့အခါမှာတော့ Factory Reset လုပ်လိုက်ရင်တော့ ပြန်ရသွားနိုင်ကြောင်း ဒါပေမယ့် ဖုန်းထဲမှာ မှတ်ထားတဲ့ အချက်လက်တွေ ဓါတ်ပုံတွေ အားလုံး ထာဝရပျောက်ပျက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ယခင်ကလည်း ယခုလို အဖြစ်မျိုးဖြစ်ခဲ့ဖူးပြီး နှစ်ပေါင်း ၈၀ ကြာမှပြန်ဖွင့်လို့ရတော့မယ့် ဖုံးကိုပြုပြင်ပေးခဲ့ရကြောင်း ဖုန်းပြုပြင်သူ Wei Chunlong က ပြောပါတယ်။

ဒါပေမယ့် ကလေးရဲ့မိခင်က ဖုန်းထဲက အချက်လက်တွေပျောက်သွားမှာ စိုးရိမ်တဲ့အတွက် Factory reset မချပဲ ဖုန်းကသူ့ဟာသူ ပြန်ပွင့်လာနိုးနဲ့ နှစ်လခန့်စောင့်ကြည့်ခဲ့ပေမယ့် အကြောင်းမထူးသေးပါဘူး။

ဒီသတင်းနဲ့ ပက်သက်ပြီး အွန်လိုင်းပေါ်မှာတော့ Apple ကို ရှုံ့ချတဲ့သူရှိသလို ကလေးငယ်လေးကို ဖုန်းပေးကစားတဲ့ မိခင်ကို ပြစ်တင်ဝဖန်ကြသူတွေလည်းရှိပါတယ်။
အကယ်၍ သင့် iPhone အဲဒီလိုအခြေနေမျိုးနဲ့ကြုံရင်ရော ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မန့်သွားပါဦးနော်။

 



Follow us on