1. Home
  2. Special or Others

ဖက်ရှင်ရှိုးမှာ ဝင်ရောက်ပြသခဲ့တဲ့ အက်ဆစ်ပက်တိုက်ခိုက်ခံရသူ အမျိုးသမီးများ

Special or Others มี.ค. 12, 2561 view 1,586

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့သည့် ဖက်ရှင်ရှိုးပွဲတွင် အက်ဆစ်ဖြင့်ပက်ကာ တိုက်ခိုက်ခံရပြီး အသက်ရှင်ကျန်ခဲ့သူအချို့က အမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို သိရှိစေလိုခြင်း၊ အကြမ်းဖက်ခံခဲ့ရသူများဟာလည်း အခြားအမျိုးသမီးများလိုပင် တန်းတူညီမျှ လုပ်ကိုင်နိုင်တယ်ဆိုတာတွေကို ရည်ရွယ်ပြီး ပါဝင်ပြသခဲ့ကြခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ အက်ဆစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသော အမျိုးသမီး ၁၁ ဦးက ဖက်ရှင်လျှောက်လမ်း စင်မြင့်ပေါ်တွင် ယုံကြည်ချက်အပြည့်နဲ့ အခြားအမျိုးသမီးများနည်းတူ လမ်းလျှောက်ပြပြီး ဓါတ်ပုံရိုက်ခံခဲ့ကြသည်။

သူတို့ထဲမှ တစ်ဦးဖြစ်သည့် လပ်ခ်ျမီးဆိုသူက သူမအသက် ၁၅ နှစ်အရွယ် ၂၀၀၅ ခုနှစ်က အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးက လက်ထပ်ခွင့်တောင်းခဲ့ရာ ငြင်းပယ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏ လူအစည်ကားဆုံး စည်းပွားရေးမြို့ဖြစ်သည့် မွန်ဘိုင်းမြို့ပေါ်မှာတင် အက်ဆစ်ဖြင့် ပက်ခံခဲ့ရသည်။
သူမဟာ ၂၀၁၃ ခုနှစ်မှာ အက်ဆစ်ရောင်းချတာနဲ့ ပက်သက်ပြီးဥပဒေတစ်ခု ချမှတ်ဖို့ အမြင့်ဆုံးတရားရုံးတော်မှာ တောင်းဆိုခဲ့ပါတယ်။


ကမ္ဘာပေါ်မှာ နှစ်စဉ်အက်ဆစ်ဖြင့် တိုက်ခိုက်ခံရသူ ၁၅၀၀ ရှိတဲ့အထဲက သုံးပုံနှစ်ပုံက အိန္ဒိယနိုင်ငံက ဖြစ်နေပါတယ်။ အကြမ်းဖက်သမားက ပြန်လည်လက်တုံ့ပြန်မှာကို ကြောရွံ၍သော်၎င်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခံရတဲ့ကိစ္စတွေဟာ မကြာခဏ ပစ်ပယ်ထားခံရတာတွေကြောင့် အကြမ်းဖက်ခံရသူ အနည်းစုလောက်သာ တိုင်ကြားမှုတွေရှိခဲ့ပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ တန်းတူညီမျှအခွင့်အရေးမရမှုတွေဟာ အိန္ဒိယနိုင်ငံမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
 



Follow us on