1. Home
  2. Myanmar News

သင်္ကြန်ပွဲတော်ကာလတွင် မန္တလေးမှ အဝေးပြေးယာဉ်များ လက်မှတ်ဈေးနှုန်းတင်ရောင်းပါက ဒဏ်ငွေရိုက်သွားမည်

Myanmar News มี.ค. 16, 2561 view 1,530

၂၀၁၈ ခုနစ် သင်္ကြန်ပွဲတော် ရုံးပိတ်ရက်တွင် အရေးကြီးခရီးသွားများအတွက် မန္တလေး တိုင်းဒေသကြိး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(ယကက-အဝေးပြေး) လက်အောက်ရှိ ယာဉ်လိုင်းများ တစ်ခုစီမှ ထိုင်ခုံ ၅-နေရာစီ ကြိုတင်စီစဉ်ထားရှိရန်နှင့် ယာဉ်စီးခပိုမိုတောင်းခံပါက ဒဏ်ငွေ ကျပ်ငါးသောင်း အရေးယူသွားမည် ဖြစ်ကြောင်း ယင်းဌာန ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ယာဉ်လိုင်းတချို့သင်္ကြန်မှာ နားကြတယ်။ ဘယ်အသင်းနားမလဲဆိုတာနဲ့ ကားလက်မှတ် ပုံမှန်ထက် ပိုမယူဖို့ အသိပေးထားပြီး မဖြစ်မနေ ခရီးသွားရမယ့်သူတွေအတွက် ထိုင်ခုံတွေ ချန်ထားခိုင်းတယ်။ ဒါကလည်း မေတ္တာရပ်ခံတာဖြစ်လို့ အသင်းတွေက လိုက်နာကြပါတယ်။”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း မန္တလေးမှရန်ကုန်၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ ပုဂံ ညောင်ဦး စသည့် ခရီးစဉ်များအပြင် အခြားခရီးစဉ်များသို့ ပြေးဆွဲမည့် ယာဉ်လိုင်းများသည် ယာဉ်စီးခနှုန်းထား ပိုမိုတောင်းခံခြင်းမပြုရန်နှင့် စည်းကမ်းနှင့်အညီ ပြေးဆွဲကြရန် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး)မှ အကြောင်းကြားစာ ပို့ထားကြောင်းသိရသည်။

စည်းကမ်းမလိုက်နာရင်တော့ ဒဏ်ငွေ ကျပ်ငါးသောင်း ဒဏ်တပ်အရေးယူမှာပါ။ ဒါပေမယ့် မန္တလေးမှာ သင်္ကြန်တွင်း စည်းကမ်းမလိုက်နာတာ မရှိခဲ့ဘူး။ တစ်နှစ်က ရန်ကုန်ကို ပြန်မယ့် ဘုရားဖူးကားတစ်စီးက ကြားကားပြေးဆွဲလို့ အရေးယူခဲ့တာရှိခဲ့တယ်။”ဟု ဆက်လက်ပြောကြားသည်။

ယာဉ်လိုင်းအသင်းများမှ ယာဉ်ထွက်ခွာချိန်မတိုင်မီ ၃ နာရီအထိသာ ထိုင်ခုံ ၅ နေရာ ချန်ထားရမှာ ဖြစ်ပြီး ယင်းအချိန်နောက်ပိုင်းတွင် ယာဉ်အသင်းအစီအစဉ်ဖြင့် ရောင်းချပေးနိုင်ကြောင်း၊ ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်း ရောင်းချရန်နှင့် ခရီးသည်များ တိုင်ကြားမှုရှိလာပါက စစ်ဆေးပြီး စည်းကမ်းနှင့် မညီပါက ဒဏ်ငွေ ကျပ်ငါး သောင်း ပေးဆာင်ရမည်ဖြစ်ကြောင်းသိရသည်။

− Mandalay News
 



Follow us on