မတ်လ ၁၅ ရက်နေ့က ထွက်ရှိခဲ့သော အဆိုတော် ဟဲလေးရဲ့ မှည့် သီချင်း Music Video အသစ်နှင့်ပတ်သတ်ပြီး ဆင်ဆာငြိ၍ ရိုက်ကူးခွင့် ပိတ်ခံလိုက်ရသည်ဟု သတင်းမီဒီယာ တစ်ခုမှရေးသားဖော်ပြခဲ့ပါတယ်။
တစ်ခုမှရေးသားဖော်ပြခဲ့ပါတယ်။ “ပရိတ်သတ်အများအပြားပိုင်ဆိုင်ထားတဲ့ အဆိုတော်ဟဲလေးဟာ မတ်လ ၁၅ ရက်နေ့က ပရိတ်သတ်ထံချပြခဲ့တဲ့ ‘မှည့်’ Music Video ကြောင့် ဆင်ဆာငြိပြီး ရိုက်ကူးခွင့်ပိတ်ခံလိုက်ရပါတယ်လို့ သိရပါတယ်။ အဆိုပါ ‘မှည့်’ music video မှာ သရုပ်ဆောင်မော်ဒယ်အဖြစ် ဟဲလေး၊ ရွှေအိမ်စည်နှင့်အတူ တစ်ခြား Dancer မော်ဒယ်နှစ်ယောက်လဲပါဝင်ကာ မြူးမြူးကြွကြွဖန်တီးထားသော သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ၎င်း music videoအား ပရိတ်သတ်အများစုက နှစ်နှစ်ခြိုက်ခြိုက် အားပေးခဲ့ကြသော်လည်း ဆင်ဆာဘုတ်အဖွဲ့မှ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟုဆိုကာ ယခုကဲ့သို့ အဆိုတော်ဟဲလေးအား သီချင်းဆိုခွင့်နှင့်ရိုက်ကူးခွင့် ပိတ်ပင်ခံလိုက်ခြင်းဖြစ်သည်” ဟု ရေးသားခဲ့ပါသည်။
ထိုသတင်းကို အဆိုတော် ဟဲလေးမှ “မနောက်ပါနဲ့ဂျာ ပိတ်တာဆိုလို့အိမ်ကမိန်းမက ည ၁၂ နာရီကျော်ရင်အပြင်မထွက်ဖို့ပဲရှိတာဘာ၊ ကျန်တာတွေ အားလုံးပွင့်မှပွင့်” ဆိုပီး ပြန်လည်ရေးသားခဲ့ပါတယ်။
အဆိုတော် အိမ့်ချစ်ကလဲ ထိုသတင်းကို “မဟုတ်တာတွေရေးကြပြန်ပီ” ဆိုတဲ့ caption လေးရေးပီး share ထားကို တွေ့ရပါတယ်။