မနေ့ညက MRTV 4 ကနေပြသသွားတဲ့ The Voice Myanmar Blind Audition မှာ နည်းပြတွေရော ရုပ်သံကြည့်ပရိသတ်များအားလုံးပါ အံ့သြပြီးပွဲကျအောင် ကိုမောင်မောင်အေးက ဆေးဝင်ထိုးခဲ့ပါတယ်။
ကောင်းဘွိုင်ဦးထုတ်ဆောင်ထားပြီး ဆံပင်အရှည်နဲ့ ကိုဇော်ဝင်းထွဋ်တို့လို ဒီဇိုင်းမျိုးနဲ့တက်လာတဲ့ ပြိုင်ပွဲဝင်ကိုတွေ့လိုက်ရတော့ ဒီဘဲမိုက်လှချေလားလို့ ကြည့်နေခဲ့ကြပါတယ်။ ဒါပေမယ့် သီချင်းစဆိုတဲ့ အသံကိုကြားလိုက်တဲ့အခါ “ကျားပေါက်” က စပြီး မောင်မောင်အေးကြီးလားမသိဘူးလို့ အသံနားထောင်ပြီး ဇဝေဇဝါဖြစ်ခဲ့ပါတယ်။
တစ်ပြိုင်ထဲမှာပဲ နည်းပြတွေအားလုံး “Everytime It Rains” သီချင်းကို လုံးဝ ရော့ခ်သံအပြည့်နဲ့ အမိုက်စား သီဆိုနေတာကြောင့် တစ်ဖက်ကိုလှည့်ကြညိ့ချင်စိတ်ပေါက်နေကြပါပြီ။ အဲဒီအထဲမှာ တစ်ပြိုင်ထဲဆိုသလို ပထမဦးဆုံး လှည့်လာတဲ့သူတွေကတော့ “ကျားပေါက်” နဲ့ “ရန်ရန်ချန်း”ပါ။
နီနီခင်ဇော်က မလှည့်သေးပဲနဲ့ ဘယ်သူလဲ.. ကိုမောင်မောင်အေး ဟုတ်လားလို့ မေးနေခဲ့ပါတယ်။ ဘယ်သူကမှ မပြောပြတဲ့အဆုံး သူလည်း ခုံလှည့်လာခဲ့ပါတယ်။ လင်းလင်းကတော့ ထုံးစံအတိုင်း ရွေးသင့်၊ မရွေးသင့် သေချာနားထောင်နေပါတယ်။
ဒီအစီစဉ်မှာ အစအဆုံး ဆေးထိုးခံခဲ့ရသူကတော့ လင်းလင်း ပါ၊ သီချင်းပြီးသွားသည့်တိုင် သူ့နောက်ကျောနားမှာ လာပြီးသီချင်းဆိုနေတဲ့သူကို ကိုမောင်မောင်အေးမှန်းမသိခဲ့ပါဘူး။
ဒါကတော့ The Voice Myanmar အစီစဉ်ကနေ ပရိသတ်တွေ အမောအပမ်းပြေအောင် ပျော်ရွှင်အောင် ကြားဖြတ်အစီစဉ်တစ်ခုအနေနဲ့ တင်ဆက်ခဲ့တာပါလို့ ကိုမောင်မောင်အေးက ပြောဆိုခဲ့ပါတယ်။
ကိုမောင်မောင်အေးရဲ့ အလန်းစားပုံတွေကို အားပေးကြပါဦးနော်..။