
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့၊ အကွက်(၃၂)တွင် နေထိုင်သည့် အသက် (၇)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်မှု့ပြု လုပ်ခံရသဖြင့် မတ်လ(၁၈)ရက်၊ ညနေ(၆) နာရီတွင် မိခင်ဖြစ်သူမှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ် ၁၅ ရက် ည(၇)နာရီခွဲက မိခင်က အိမ်တွင် သမီးဖြစ်သူနှင့်အတူရှိနေစဉ် သမီးဖြစ်သူက သူမ၏ နောက်ပိုင်းအင်္ဂါ(စအို)မှ သွေးယိုပြီး နေထိုင်မရကြောင်း ပြောပြသဖြင့် ချော့မော့၍ မေးမြန်းရာ နေအိမ်ဘေးတွင် နေထိုင်သည့် ကျော်စိုးဆိုသူမှ ၎င်း၏နေအိမ်ရှေ့တွင် ရပ်ထားသည့်ကားပေါ်မှာ ဓမ္မတာနဲ့ဆန့်ကျင်သော ကာမစပ်ယှက်မှု့မျိုး ပြုလုပ်ခဲ့သည်ကို သိရှိရသည့်အတွက် အရေးယူပေးပါရန် သက်ဆိုင်ရာ နယ်မြေရဲစခန်းကို မိခင်ဖြစ်သူမှ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ်(၄)နယ်မြေရဲစခန်း မှ ကျော်စိုး(၄၈)နှစ်၊ အကွက်၃၂၊ အမရဌာနီအရှေ့ နေထိုင်သူအား (ပ)၄၉/၂၀၁၈ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ဖြင့် လက်ရှိအမှု့ဖွင့် အရေးယူဆောင်ရွက်ထားသည်။
သတင်း - Focous
comment