1. Home
  2. Special or Others

ရွှေအစစ်နဲ့လုပ်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ခွေးအတွက်ရွှေဝတ်ရုံလွှာ

Special or Others มี.ค. 19, 2561 view 1,606

ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တန်ဖိုးအကြီးဆုံး ခွေးအတွက် ဝတ်ဆင်ပေးစရာ ဝတ်ရုံတစ်ခုကို၂၄ ကာရက်ရွေသားစစ်စစ်၊ Swarovski ခရစ်စတယ်၊ စိန်နက်တို့နဲ့ ပြုလုပ်ထားပါတယ်။

ဒီအဝတ်အစားကို ၂၄ ကာရက်ရွှေအစစ် ဖုံးအုပ်ထားတဲ့ အထည်စနဲ့ ချုပ်လုပ်ထားပြီး ရွှေသား ၉၉.၉၉% ပါဝင်တယ်လို့ Doggy Armour မှ အကြီးအကဲဖြစ်သူ Bradely Davis က ပြောပါတယ်။
ဝတ်ရုံမှာယူတဲ့အခါမှာလည်း Swarovski ခရစ်စတယ် အစား စိန်နက် ကိုလည်း ရွေးချယ်မှယူနိုင်ပါတယ်။

၂၄ ကာရက်ရွှေသားစစ်စစ်နဲ့ ချုပ်လုပ်ထားတဲ့ ဝတ်ရုံမှာ Swarovski ခရစ်စတယ် အလုံး ၂၀ ဒါမှမဟုတ် စိတ်နက် အလုံး ၂၀ ဖြင့်မှာယူနိုင်ပြီး ဝတ်ရုံတစ်ခုရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၃၇,၀၀၀ (မြန်မာငွေ သိန်း ၁၈၀၀ ကျော်) ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါဝတ်ရုံကို ဝတ်ပေးထားခြင်းဖြင့် ခွေးကိုအခြားခွေးတွေကိုက်ခြင်း ၊ ဓါးနဲ့ခုတ်တာတွေကနေ ကာကွယ်နိုင်မယ်လို့ဆိုပါတယ်။
 



Follow us on