1. Home
  2. Special or Others

မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား..? ဘဝမှာ ကျရှုံးမှုတွေနဲ့ ကြုံတဲ့အခါ..

Special or Others มี.ค. 21, 2561 view 1,613

လူမှုကွန်ယက် Twitter ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ အသက် ၅ နှစ်ဝန်းကျင် ကလေးမလေးတစ်ယောက် ပလက်စတစ်ကုလားထိုင်ပေါ်ကို ခုန်တက်နိုင်အောင် ကြိုးစားနေတဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ ၁၂ သန်းနီးပါးရှိခဲ့ပါတယ်။

သာမန်မိဘတွေဆိုရင် ကလေးဒီအရွယ်ကို ထိမိခိုက်မိမှာ စိုးရိမ်ပြီး နေရာတစ်ကာ လိုက်လံထိန်းကျောင်းနေရတဲ့ အချိန်မှာ ဒီကလေးမလေးကိုတော့ အလုပ်တစ်ခုဆိုတာ အခါခါကြိုးစားရင် တစ်ချိန်မှာအောင်မြင်လာတာပဲဆိုတဲ့ စိတ်ကို သူ့ရဲ့ဖခင်ဖြစ်ဟန်တူသူက ငယ်ငယ်ထဲက စနစ်တကျလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။

တစ်ကယ်တော့ ကုလားထိုင်အမြင့်တစ်လုံးပေါ် စုံခုန်ပြီး တက်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ အခါခါလဲကျတာတွေ ကြုံခဲ့သလို နာကျင်လို့ ငိုမိတော့မလို ဖြစ်တာတွေလဲ ကြုံခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ထိုင်းခုံပေါ်ကို သူမ စုံခုန်ပြီးတက်သွားနိုင်ခဲ့ပါတယ်။
ဒီလိုလေ့ကျင့်သင်ကြားပေးမှုကြောင့် ကလေးရဲ့စိတ်ထဲမှာ ဘယ်အရာမဆို အကြိမ်ကြိမ်ကြိုးစားရင် တစ်ချိန်မှာ အောင်မြင်မှုရတာပဲဆိုတဲ့ ခံယူချက် ခိုင်မြဲသွားမှာ အမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ဘဝမှာ ကျရှုံးမှုတွေ အဆင်မပြေမှုတွေနဲ့ ကြုံတဲ့အခါ ဒီကလေးမလေးရဲ့ ဗီဒီယိုကို မှတ်မိသတိရရင် တစ်ခါပြန်ရုန်းထဖို့ အင်အားတွေ ရရှိစေမယ်လို့ မျှော်လင့်ပါတယ်။
 



Follow us on