1. Home
  2. Myanmar News

လင်မယားချင်းစကားများကြရာမှ ဇနီးဖြစ်သူရိုက်နှက်သဖြင့် ခင်ပွန်းသေဆုံး

Myanmar News มี.ค. 21, 2561 view 1,494

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လင်းမယားချင်း စကားများကြရာမှ ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား ရိုက်နှက်၍ သေဆုံးခဲ့ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ် ၂၁ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၅၄)ရပ်ကွက်၊ လှော်ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းခဲ့သည်။

 

အဆိုပါလမ်းပေါ်တွင် စိုးသူအောင် (ခ)ကုလားကြီ်း (၃၅)နှစ်မှာ လဲကျသေဆုံးနေပြီး ဘေးတွင် ၎င်း၏ဇနီးဖြစ်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို (၃၂)နှစ်ကိုတွေ့ရှိခဲ့သည်။
စစ်ဆေးမေးမြန်းချက်အရ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပိုမှ အရက်သောက်ပြီးနေအိမ်သို့ ပြန်လာသည့်ကိစ္စဖြင့် လင်မယားချင်းစကားများကြရာ ခင်ပွန်းဖြစ်သူက သူမအား လက်ဖြင့်ရိုက်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူ၏ ရင်ဘတ်ကို စောင့်တွန်းခဲ့ပြီး လဲကျသွားစဉ် ရင်ဘက်ပေါ်တက်ခွကာ ချည်လွယ်အိတ်ကြိုးဖြင့် လည်ပင်းအား ရစ်ပတ်၍ ကတ္တရာလမ်းဖြင့်ကိုင်ဆောင့်ခဲ့သောကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ မခင်မျိုးကြည်(ခ) မခင်နှင်းအိအိပို အား ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့မရဲစခန်း(ပ) ၆၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police


 



Follow us on