1. Home
  2. Movie Stars - Celebrity

ပွဲတတ်ဝတ်စုံလေးရဲ့ အမှတ်တရအကြောင်းပြောပြလိုက်တဲ့ မိုးစက်ဝိုင်

Movie Stars - Celebrity มี.ค. 22, 2561 view 1,640

အလှမယ် မိုးစက်ဝိုင်တစ်ယောက်ကတော့ Hello ရဲ့ ၂၇ နှစ်ပြည့် Make-up and Hair show ပွဲမှာဝတ်ဆင်ခဲ့တဲ့ ၀တ်စုံလေးနဲ့ ပတ်သက်ပြီးအမှတ်တရလေးတစ်ခုကို ပြောပြခဲ့ပါတယ်။ 

Show ပွဲနေ့မှာ သူမ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံလေးကို ဒီဇိုင်နာ မင်းသက်စံမှ ဖန်တီးပေးထားတာဖြစ်ပြီး ၀တ်စုံလေးကိုရောင်းချလို့ရတဲ့ ပိုက်ဆံကိုတော့ ဒီဇိုင်နာမှ ပြန်လည်လှူဒါန်းခဲ့တာကြောင့် မြန်မာ့နှလုံးသားပရဟိတအဖွဲ့မှ ကြို့ပင်ကောက်အနီးအနားမှာရှိတဲ့ ရွာလေး ၃ ရွာကိုသွားရောက်လှူဒါန်းခဲ့ကြပါတယ်။ မိုးစက်ဝိုင်အတွက်တော့ တကယ်ကို အမှတ်တရဖြစ်စေတဲ့ဝတ်စုံလေးပါပဲနော်။ 

အမှတ်တရဖြစ်စေတဲ့ဝတ်စုံလေးပါပဲနော်။ “Wedding guideline လေးကိုကျေးဇူးတင်ပါတယ်။ အဲ့ပွဲဝတ်စုံလေးကတော့ တကယ့်အမှတ်တရပါပဲ… အဲ့ဝတ်စုံလေးကိုရောင်းပြီးရတဲ့ပိုက်ဆံကို ဒီဇိုင်နာကလှူလို့ မြန်မာ့နှလုံးသားအဖွဲ့က ရေကန်တူးပြီးလှူထားပါတယ် ရွာ၃ရွာ အတွက်ပေါ့။ ကြို့ပင်ကောက်နားမှာရှိပါတယ်၊ ရေငံရွာနဲ့ အခြားနီးနားကရွာတွေတော့ ဒီနှစ်နွေစိတ်ပူရတော့ဘူးပေါ့။ ရေစက်တော့မချရသေးဘူး ... ချရင်ပြောမယ် သာဓုခေါ်ကြပါ၊ မိတ်ကပ် Hello နဲ့ ဝတ်စုံဖန်တီးသူကိုမင်းသက်စံ, မြန်မာ့နှလုံးသားနဲ့ ဝတ်စုံဝယ်တဲ့အလှူရှင်တို့ရဲ့ ကောင်းမူလေးပါရှင့်၊ ဝတ်စုံလေးဝတ်တဲ့ မိုးစက်လည်းပါတာပေါ့နော်” ဆိုပီး သူမရဲ့အကောင့်မှာ ရေးသားထားပါတယ်။ သူမတို့ရဲ့မွန်မြတ်လှတဲ့ အလှူလေးအတွက်လဲ Popolay မှသာဓုခေါ်ပါတယ်။

 

 



Follow us on