1. Home
  2. Movie Stars - Celebrity

အစစ်နဲ့တူလွန်းလှတဲ့ ၆ပေရှိ သတို့သမီးဝတ်စုံကိတ်မုန့်

Movie Stars - Celebrity มี.ค. 22, 2561 view 1,515

လှပလွန်းတဲ့ ဒီ မင်္ဂလာသတို့သမီးဝတ်စုံလေးကတော့ ၀တ်စုံအစစ်မဟုတ်ပဲ သတို့သမီးဝတ်စုံပုံစံ ဖန်တီးပြုလုပ်ထားတဲ့ ကိတ်မုန့်တစ်လုံးပဲ ဖြစ်ပါတယ်။ 

Emma Hayne Morris ဆိုတဲ့အမျိုးသမီးမှ ဖိလစ်ပိုင်နိုင်ငံက ဒီဇိုင်နာ Mak Tumang ရဲ့ ၀တ်စုံပုံစံဒီဇိုင်းကို မှီငြမ်းပြီး ကိတ်မုန့်လေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တကယ့်သတို့သမီးဝတ်စုံလေးနဲ့တူအောင် ပန်းပွင့်ပေါင်း ၁၁၀ နဲ့အလှဆင်ထားတာဖြစ်ပြီး အမြင့် ၆ပေ၊ အလေးချိန် ၁၃၂ ပေါင်ရှိပါတယ်။

 ကိတ်မုန့်လေးကို ၁၀ရက်ကြာလောက် ပြုလုပ်ခဲ့ရပီး လန်ဒန်မှာ ကျင်းပတဲ့ နိုင်ငံတကာကိတ်မုန့်ပြပွဲမှာ ၀င်ရောက်ပြသခဲ့ပါတယ်။ ၁၃၂ ပေါင်အလေးချိန်ရှိတာကြောင့် လူ ၆ယောက်လောက်ပေါင်းကာ ကိတ်မုန့်ကို ပုံစံမပျက်အောင် သေချာသယ်ယူပြီးလာရောက်ပြသခဲ့ကြတာပါ။ 

ထိုပွဲကိုလာရောက်ကြည့်ရှုသူများကလဲ သူမရဲ့ဖန်တီးနိုင်မှုကို ချီးကျူးသြဘာပေးခဲ့ကြပါတယ်။ သူမရဲ့ တီထွင်ဆန်းသစ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇိုင်နာ Mak Tumang ကလည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။

 



Follow us on