1. Home
  2. Movie Stars - Celebrity

အကယ်ဒမီပွဲတတ်ဝတ်စုံကို သီချင်းလေးနဲ့ပြောပြလိုက်တဲ့ သက်မွန်မြင့်

Movie Stars - Celebrity มี.ค. 23, 2561 view 1,912

ယနေ့ မတ်လ ၂၃ ရက်နေ့မှာတော့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို ရှင်စောပုလမ်း Myanmar Even Park မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကို ညနေ ၃ နာရီအချိန်တွင်စတင်မှာဖြစ်ပြီး ထိုပွဲကို ကဏ္ဍအသီးသီးမှ အနုပညာရှင်ပေါင်းများစွာ တတ်ရောက်ကြမှာဖြစ်ပါတယ်။ ယနေ့ညမှာတော့ ဘယ်အနုပညာရှင်တွေ အကယ်ဒမီရရှိမယ်ဆိုတာ ရင်ခုန်စရာကောင်းသလို၊ ဘယ်အနုပညာရှင်တွေကတော့ ဘယ်လိုမျိုးဝတ်စုံဒီဇိုင်းဆန်းတွေနဲ့ ပွဲကိုတတ်ရောက်ကြမယ် ဆိုတာကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ 

ပြည်သူ့အချစ်တော် အနုပညာရှင်များထဲမှ တစ်ဦးဖြစ်တဲ့ မင်းသမီးသက်မွန်မြင့်က ယနေ့ညမှာတော့ သူမဘယ်လိုဝတ်စုံမျိုးနဲ့ အကယ်ဒမီပေးပွဲကို တတ်ရောက်ဖြစ်မလဲဆိုတာကို သီချင်းစာသားလေးနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ပရိတ်သတ်တွေကို ပြောပြထားပါတယ်။ 

“အဖြူရောင်လေးက ဘယ်သူလဲ ဘယ်ကလဲကွယ်….. ချစ်ပုံ့(My Favorite) ရဲ့ အဖြူရောင်ဝတ်စုံနဲ့ လက်ဝတ်ရတနာ ဇွဲထက်က ပွဲတွက်တသီးတသန့်ခတ်ပေးတာလေးနဲ့ ပွဲတက်ဖြစ်မှာပါ  ရှာကြနော်…  အကယ်ဒမီပွဲတွေမှာတော့ မဝတ်ဖူးသေးတဲ့ပုံစံလေးနဲ့ပါရှင့်” ဆိုပြီး ယခုလိုမျိုးပြောပြထားပါတယ်။ ဘယ်လိုမျိုး အဖြူရောင်ဒီဇိုင်းဆန်းလေးနဲ့ သက်မွန်တစ်ယောက်လှနေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာကောင်းလှပီနော်။

 

သက်မွန်က အောင်မြင်ကြော်ကြားတဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်သလို၊ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်။ 

ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်က ကျင်းပပြုလုပ်တဲ့အကယ်ဒမီဆုပေးပွဲမှာလည်း “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇတ်ဆောင်ဆုကို ရရှိထားခဲ့သူလဲဖြစ်ပါတယ်။

 

 



Follow us on