1. Home
  2. Special or Others

ရုပ်ရှင်ရုံထိုင်ခုံမှာ ဦးခေါင်းညပ်ပြီး အမျိုးသားတစ်ဦးသေဆုံး

Special or Others มี.ค. 23, 2561 view 1,695

ဗြိတိန်နိုင်ငံ ဘာမင်ဟန်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံတွင် အထူးတန်းထိုင်ခုံ (Gold Class) မှကြည့်ရှုသော အမျိုးသားတစ်ဦး ထိုင်ခုံတွင် ဦးခေါင်းညပ်ကာ သေဆုံးခဲ့ရသည်။

ဘာမင်ဟန်မြို့ရှိ “Vue” ရုပ်ရှင်ရုံ၏ Gold Class ထိုင်ခုံများမှာ ခြေတင်ပါရှိပြီး အလိုလျှောက်လျှပ်စစ်ဖြင့် အလုပ်လုပ်သော ထိုင်ခုံများဖြစ်သည်။ ဖြစ်ချင်တော့ အဆိုပါအမျိုးသားသည် ရုပ်ရှင်ကြည့်ရှုနေစဉ် သူ၏လက်ကိုင်ဖုန်း ခုံအောက်သို့ လျောကျခဲ့သဖြင့် ခုံအောက်သို့ ခေါင်းငုံ့ပြီး ဖုန်းပြန်ယူစဉ် ထိုင်ခုံ၏ ခြေတင်က သူ၏ဦးခေါင်းကို ဖိမိခဲ့ခြင်းဖြစ်သည်။

သူ၏အဖော်ဖြစ်သူနဲ့ ရုပ်ရှင်ရုံဝန်ထမ်းများက ခြေတင်ကို ဝိုင်းဝန်းမက ကယ်ဆယ်ရန်ကြိုးစားခဲ့ပေမယ် ခိုင်ခံ့နေသဖြင့် အချိန်အတော်ကြာယူခဲ့ရသည် ထိုစဉ် အမျိုးသားမှာ အကြောက်လွန်ပြီး နှလုံးဖောက်သွာခဲ့သည်။

နောက်ဆုံးမှာ ခုံကိုချိုးဖျက်ပြီး အမျိုးသားကို ဆေးရုံသို့ပို့ပေးနိုင်ခဲ့သည်၊ သို့သော် တစ်ပတ်ခန့်အကြာတွင် ယင်းအမျိုးသား ဆေးရုံပေါ်တွင် သေဆုံးခဲ့ရသည်။ အဆိုပါဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုများကို ကျန်းမာရေးအဖွဲ့နဲ့ ရုပ်ရှင်ရုံကုမ္ပဏီတို့ ပူးပေါင်းပြီး ဆောင်ရွက်လျှက်ရှိသည်။
 



Follow us on